BEC-TERO TV

မိခင်ရဲ့နာရေးကို သင်္ဂြိုလ်ရာမှ သားဖြစ်သူ ခေါင်းတလားပိကာ သေဆုံး

21 Jun 2018     1,790 Views


အင်ဒိုနီးရှားနိုင်ငံမှာ မိခင်ဖြစ်သူရဲ့ နာရေးကို သင်္ဂြိုလ်ရန် ခေါင်းတလားကို ကိုယ်တိုင်ဝင်ထမ်းခဲ့တဲ့ သားဖြစ်သူဟာ မိခင်ရဲ့အလောင်းထည့်ထားတဲ့ ခေါင်းတလားပိပြီး ဆေးရုံသို့ တင်ပို့စဉ်မှာ လမ်းမှာတင်သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတောင်ပိုင်းပြည်နယ်ရှိ တာနာတိုရာဂျာတွင် မိခင်ဖြစ်သူ၏ အလောင်းအား သင်္ဂြိုလ်ရန်၊ သင်္ဂြိုလ်စင်ပေါ်သို့ လှေကားထောင်ပြီး အခေါင်းကို ဝိုင်းဝန်းထပ်တက်ခဲ့ရာ ရုတ်တရက် လှေကားလျောကျခဲ့ပြီး လူများနဲ့အတူ ခေါင်းတလားပါ ပြုတ်ကျခဲ့သည်။

ကံဆိုးစွာနဲ့ ခေါင်းတလားမှာ လူတွေအများကြီးကြားထဲမှ သားဖြစ်သူပေါ်သို့ တည့်တည့်ပြုတ်ကျခဲ့သည်။ အခေါင်းပိမှုကြောင့် အသက် ၄၀ နှစ်အရွယ် သားဖြစ်သူ၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံပို့စဉ် လမ်းမှာသေဆုံးခဲ့ခြင်းဖြစ်သည်။


21 Jun 2018     1,790 Views




RELATED

Most Popular of Special or Others

Most Popular of NEWS