ကော်ဖီခါးခါးတစ်ခွက်နဲ့ နေထက်လင်း စင်ပေါ်ကပြုတ်ကျ
22 Jun 2018 1,874 Views

သရုပ်ဆောင် အက်ရှင်မင်းသား နေထက်လင်းတစ်ယောက် ချစ်ကောင်းရဲ့ “ကော်ဖီခါးခါး” သီချင်းကို သီဆိုဖျော်ဖြေနေရင်း စင်မြင့်ပေါ်ကနေ အောက်ကိုပြုတ်ကျခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မင်းဂေါင် ကျေးရွာမှာ သွားရောက်ဖျော်ဖြေစဉ် အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုပုံရိပ်အရ ကုတ်အင်္ကျီနဲ့ စတိုင်ကျကျ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး နေကာမျက်မှန်အမဲကို တပ်ဆင်ထားတဲ့ နေထက်လင်းဟာ “ကော်ဖီခါးခါး” သီချင်းနဲ့ ဖျော်ဖြေရင်း စင်ရှေ့ကို ထွက်အလာ စင်ပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
စင်ပေါ်က ပြုတ်ကျခဲ့ပေမယ့်လည်း ဒဏ်ရာကြီးကြီးကျယ်ကျယ်ရတာမျိုး မရှိခဲ့ကြောင်း သိရှိရပါတယ်။
Video Credit:MinMinSoe







