BEC-TERO TV

အမျိုးသမီးများ အရှက်သိက္ခာမဲ့ကြောင်း ရိုက်ကူးသော ရုပ်သံကြော်ငြာ ပိတ်ခံရ

22 Jun 2018     1,705 Views


“ရှောင်ဝါ (Sawow)” အမှတ်တံဆိပ် အယ်လ်ကိုဟောပါဝင်သည့်အချိုရည် ရုပ်သံကြော်ငြာဟာ အမျိုးသမီးများ၏ အရှက်သိက္ခာကို ထိပါးပြီး ဖော်ပြရိုက်ကူးထားမှုကြောင့် အဆိုပါကြော်ငြာကို ရုပ်သံများတွင် ထည့်သွင်းပြသခွင့် ပိတ်ပင်ခံရသည်။

ကြော်ငြာကတ် တစ်ခုတွင် မိမိသဘောကျနေသော ကောင်လေးကို မပြောရဲမဆိုရဲ ချစ်ခွင့်မပန်ရဲ ဖြစ်နေချိန်တွင် “ရှောင်ဝါ” သောက်သုံးပြီးနောက် ရဲတင်းလာကာ မိန်းကလေးကစပြီး ချစ်ခွင့်ပန်ခြင်း၊ အနမ်းပေးခြင်း စသည့် အပြုမူများကို ပြသခဲ့သည်။

နောက်ထပ် ကြော်ငြာကတ်တစ်ခုတွင်မူ ဘော်လီဘောကစားသမား တစ်ဦးကို သဘောကျနေသော မိန်းကလေးက “ရှောင်ဝါ” သောက်ပြီးနောက် ကောင်လေးကို အတင်းပြေးဖက် ခွတက်ကာ မျက်နှာကို အနမ်းတွေပေးခဲ့ပါတယ်။

အဆိုပါကြော်ငြာဟာ အယ်လ်ကိုဟော ဝင်ပြီးရင် မိန်းကလေးတွေဟာ အရှက်သိက္ခာနည်းပါးသူတွေ ဖြစ်လာတတ်ကြောင်း ပုံဖော်ခဲ့မိသဖြင့် ရုပ်သံလိုင်းမှာတွင် ကြော်ငြာခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။
 


22 Jun 2018     1,705 Views




RELATED

Most Popular of Special or Others

Most Popular of NEWS