BEC-TERO TV

မျက်စိအမြင်စောင်းခြင်းရောဂါအကြောင်းသိကောင်းစရာ

24 Jul 2015     2,707 Views


မျက်လုံးရဲ့အရှေ့ဘက်မျက်ကြည်လွှာခုံးကပုံမမှန်တဲ့အခါမှာမျက်လုံးထဲကိုဝင်လာတဲ့အလင်းတွေရဲ့စုစည်းရာဟာဆုံချက်မမှန်တော့လို့ဖြစ်တဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။ဆုံချက်မမှန်တဲ့အတွက်ကြောင့် မျက်လုံးအမြင်မှာလည်းမှုန်ဝါးတာတွေ၊ဝေ၀ါးတာတွေခံစားရပါတယ်။
 
ရောဂါလက္ခဏာတွေကတော့ သူ့အမြင်အာရုံကဝါးတယ်၊တွန့်လိမ်နေသလိုခံစားရတယ်၊ခေါင်းကိုက်တယ်၊ကိုယ်လက်မအီမသာဖြစ်တယ်၊နုံးတယ်၊မျက်လုံးဆွေသလိုဖြစ်တယ်၊မျက်လုံးသက်တောင့်သက်သာမရှိဘူး၊စပ်ဖျင်းဖျင်းခံစားရတယ် စတဲ့လက္ခဏာတွေရှိပါတယ်။
 
ဖော်ပြပါလက္ခဏာတွေထဲက တစ်ခု (သို့) တစ်ခုထက်ပိုပြီးခံစားရပြီဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသသင့်ပါတယ်။ ပုံမှန်အားဖြင့် မျက်ကြည်လွှာအခုံးက ပုံမှန်ခုံးရမယ့်နေရာမှာ ပုံမမှန်ပဲခုံးနေတဲ့အတွက်ကြောင့်မို့လို့မျက်လုံးထဲဝင်လာတဲ့အလင်းတန်းတွေ ၊ ရောင်စဉ်တန်းတွေ ဆုံချက်ဟာမညီညာဖြစ်တက်ပါတယ်။ဆုုံချက်မညီမညာဖြစ်တဲ့အတွက်ကြောင့်အမြင်အာရုံတွေကလည်းပုံမှန်မဖြစ်တော့ပါဘူး။
 
တွန့်လိမ်နေသလိုဖြစ်တယ်၊လှို်င်းတွေလိုမြင်နေရတယ်၊မျက်လုံးအောင့်တာတို့ဘာတို့ဖြစ်တက်ပါတယ်။မျက်လုံးထဲမှာရှိတဲ့ဆုံချက်တစ်နေရာထဲမှာမဆုံတဲ့အတွက်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။တစ်ချို့တွေကတော့ကုသလို့ရတဲ့မှန်ဘီလူးတွေရှိပါတယ်။မျက်လုံးရဲ့အရှေ့ဘက်မျက်ကြည်လွှာအခုံးရဲ့ဒီဂရီပေါ်မူတည်ပြီးမျက်မှန်တပ်သင့်ပါတယ်။
 
ဒီရောဂါနဲ့အတူ အနီးမြင်၊ အဝေးမြင်တွေဖြစ်တက်ပါတယ်။ဒီဂရီပမာဏကြီးလာပြီဆိုရင်တော့ မျက်မှန်လိုလာပါပြီ။ကာကွယ်တဲ့နည်းတော့မရှိပါဘူး။ကိုယ့်ရဲ့အမြင်အာရုံတွေဟာပုံမှန်မဟုတ်တော့ဘူး၊အဝေးကြည့်ရင်လည်းမှုန်ဝါးတယ်သေချာမသဲကွဲဘူး၊ခေါင်း ကိုက်တယ် စတာတွေခံစားရပြီဆိုရင်တော့သက်ဆိုင်ရာမျက်စိဆရာဝန်နဲ့ပြသပြီးတော့ကုသသင့်ပါတယ်။

24 Jul 2015     2,707 Views




RELATED

Most Popular of Health Fix

Most Popular of Life Style