BEC-TERO TV

လှိုဏ်ဂူအတွင်း ပျောက်သွားသည့် လူငယ် ၁၃ ဦး ရှာဖွေတွေ့ ရှိမှုမရှိသေး

25 Jun 2018     1,297 Views


ဇွန်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပြင်တွင်ရှိ လှိုဏ်ဂူအတွင်းသို့ ဝင်သွားသည့် ကျောင်းသား လူငယ်များ ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအထိ ရှာဖွေတွေ့ ရှိခြင်း မရှိသေးဟု သိရသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့တွင် ကျောင်းသား ၁၂ နှင့် နည်းပြဆရာ ၁ ဦးဟာ ဘောလုံးကစားပြီးနောက်ပိုင်း စက်ဘီးစီးကာ လှိုဏ်ဂူရှိနေရာသို့ အလည်သွားရောက်ခဲ့သည် ။  ကလေးများအိမ်ပြန်ရောက်လာခြင်းမရှိသဖြင့် မိဘများက တာဝန်ရှိများထံသို့ သွားရောက်တိုင်ကြားခဲ့သည် ။ ထိုရာတွင် ပန်းခြံတာဝန်ရှိသူက ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်သွားသည့် ကျောင်းသားအဖွဲ့၏ ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးများကို သတိထားမိပြီး တာဝန်ရှိသူများအား ဆက်သွယ်အကြောင်းကြားခဲ့သည် ။
 
 
တာဝန်ရှိသူများ လိုက်လံရှာဖွေရာမှ ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူ၏အပြင်တွင် လူငယ်များစီလာသည့် စက်များတွေ့ ရှိရပြီး ဂူအတွင်း လူငယ် ၁၃ ဦးပျောက်နေသည့် လူငယ်များအား ရှာဖွေကယ်ဆယ် နိုင်ရန်အတွက် လှိုဏ်ဂူအနီးတွင် ကယ်ဆယ်ရေးစခန်းအား အရေးပေါ် ဖွင့်လှစ်ထားရှိပြီး ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဆိုင်တို့မှ ကျွမ်းကျင် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကြိုးပမ်း ရှာဖွေနေလျှက်ရှိကြောင်း သိရသည်။
 
 
တစ်ညအကြာ အထိ ပြန်လည် မထွက်လာ နိုင်သေးသည့် ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ (၁)ဦး စုစုပေါင်း (၁၃)ဦးအား ၂၀၁၈ခုနှစ် ဇွန်လ(၂၄)ရက်နေ့ ည(၁၀)နာရီကျော် အချိန်အထိ ကျွမ်းကျင် ရှာဖွေရေး အဖွဲ့များဖြင့် ရှာဖွေနေလျှက်ရှိကြောင်း သိရသည်။ မယ်ဆိုင်ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ဂူအတွင်းရေငုပ်ကျွမ်းကျင်သည့် နိုင်ငံခြားသား လူမှုဝန်ထမ်းများဖြင့် ကူညီကယ်ဆယ်ရေးလုပ်နေသော်လည်း လိုဏ်ဂူအတွင်း ရေများနေသဖြင့် ရေများကို စုပ်ထုတ်နေရသည် ။
 
 
အဆိုပါ လူငယ်များပြန်ထွက်လာချိန်တွင် ဂူထဲ၌ ရေကြီးပြီး ရေစီးသန်မှုကြောင့် ပြန်လည်ထွက်လာရန် ခက်ခဲသွားနိုင်ခြင်းဖြစ်ပြီး ရေစီးသံများကြောင့် အော်ဟစ်သံများကိုလည်း ကြားနိုင်မည် မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဂူအတွင်း (၃) ကီလိုမီတာအကွာအဝေးအထိ သွားရောက်ခဲ့သည့် အသက်(၄၁)နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးက ပြန်လည်ရှင်းပြသည်။ ဂူမှာ ခန့်မှန်းခြေအားဖြင့် (၄)မိုင်မှ (၅)မိုင်ဝန်းကျင်ရှည်လျားပြီး ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီအတွင်း ရေအမြင့်ပေ ၅ မီတာ(၁၆.၅ ပေ)အထိ နစ်မြုပ်လေ့ရှိကြောင်း သိရသည်။
 

25 Jun 2018     1,297 Views




RELATED

Most Popular of Special or Others

Most Popular of NEWS