BEC-TERO TV

ကရုဏာသက်မိလို့ ရန်ရှာခံရတဲ့ အဖြစ်တွေ ရန်ကုန်မြို့ရဲ့ လမ်းဆုံတိုင်းမှာရှိတယ်

25 Jun 2018     1,468 Views


မိုးတွေအရမ်းသည်းနေတဲ့ ဇွန်လ ၂၃ ရက်နေ့က အဖြစ်ပျက်တစ်ခုကို ပြန်ပြောရင် သူမအလိုလို ဝမ်းနည်းလာတယ်၊ တစ်ဖက်ကလည်း ကိုယ့်ရဲ့စေတနာနဲ့ မေတ္တာတရားကို စော်ကားခံခဲ့ရလို့ ဒေါသဖြစ်မိရပြန်ပါတယ်။
လူမမယ်ကလေးငယ်တွေကို ဓါးစာခံလို အရင်းပြု၊ သနားကြင်နာတတ်တဲ့ မြန်မာလူမျိုးတို့ရဲ့နှလုံးသားကို ပျော့ကွက်တစ်ခုလို အသုံးချကာ စီးပွားရှာတတ်တဲ့ လူအစုအဖွဲ့လေးရဲ့ ခြိမ်းခြောက်မှု လောင်းရိပ်အောက်မှာ ကျောင်းနေအရွယ်ကလေးတွေ စာရိတ္တပျက်ပြားကာ လူစည်းကားတဲ့ လမ်းဆုံမီးပွိုင့်တိုင်းမှာ နေရာယူကာ တောင်းစားနေကြတာ ရန်ကုန်မြို့အနှံ့မှာပါပဲ။

ဓားပြမတိုက်တာ တော်သေးတာပေါ့”လို့ အဲဒီလို လုပ်စားနေတဲ့ လူစုအပေါ် အကောင်းမြင်လိုရင်လည်း မြင်နိုင်ကြပါတယ်။ ဒါတွေအားလုံး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းကို မေးရင် အဖြေက ဝေဝေဝါးဝါးပဲ ရမှာမို့ မမေးတော့ပါဘူး။ အဲဒီနေ့က ကြုံလိုက်ရတဲ့ အဖြစ်ပျက်ကိုပဲ ပြောပြပါရစေ..။

ကျွန်​မဒီ​နေ့လှည်းတန်းကို ပစ္စည်းသွားပို့တယ်​။ လှည်းတန်းမီးပွိုင့်မှာ မီးနီတော့ ​ကားရပ်​တာ ကျွန်မကားက ထိပ်​ဆုံးကား​ပေါ့။ အဲဒါနဲ့​ဘေးဘက်​ပလက်​​ဖောင်းကို ကြည့်လိုက်​​တော့ ပုံထဲမှာပါတဲ့ က​လေးမကို​တွေ့တယ်​​။

မိုးကလဲရွာ​နေတယ်​ သူ​ဘေးမှာ ထီးလည်းပါရဲ့သားနဲ့ ထီးကိုမ​ဆောင်းဘူး၊ ကျွန်​မ မ​နေနိုင်​​တော့ဘူး အရမ်း​ပြောချင်​လာတယ်​ ကိုယ့်ရဲ့အိမ်​ထဲမှာ​ ခွေး​တွေ​ကြောင်​​တွေ​တောင်​ မိုးရွာ​နေရင်​​ နွေး​နွေး​ထွေး​ထွေးထားတာ အိမ်​ကသမီး​တွေ ကြောင်​​တွေ​ခွေး​တွေကို ကျွန်​မလိုဂရုမစိုက်​ရင်​ ကျွန်​မ​ပြော​နေကြစကားတစ်​ခုရှိတယ်​ “သူတို့မှာလဲအသက်​ရှိတယ်​”လို့ ။
ကျွန်​မရဲ့​ရှေ့မှာကိုယ်​ချင်းစာနာမူကင်းရင်​ အရမ်း​ဒေါသထွက်​တက်​တာ ကျွန်​မရဲ့စရိုက်​တစ်​ခုပါ။ အဲဒါနဲ့ မနေနိုင်တော့ပဲ -
ဟဲ့က​လေးမ မိုးရွာ​နေတာထီး​ဆောင်းပါလား၊ နင်​ချီးထားတဲ့ က​လေးက ​ခြေ​တောက်​မှာ​ ​ပဲကြီးခွံတောင်တွန့်နေပြီ​လေ” လို့ ပြောမိလိုက်​တယ်​။

ခ​လေးကလုံးဝအိပ်​​နေတယ်​ မနိုးဘူး၊ သနားစရာပါ။ အဲခ​လေးမက ဘာပြန်​​ပြောတယ်​မှတ်
လဲ “ကိုယ့်စောက်လုပ် ကိုယ်လုပ်တာ” တဲ့။
အဲဒါနဲ့ပဲ မိုက်ရိုင်းစွာ ပြန်​​ပြောတဲ့သူကို ကျွန်​မဓာတ်​ပုံအမိအရရိုက်​ခဲ့ပါတယ်။
ပြောချင်​တာကလူအခွင့်အ​ရေးဆိုတာ ဒီလိုရင်​ခွင်​ပိုက်​ခ​လေး​တွေအတွက်​ မရှိ​တော့ဘူးလား
နောက်​ပြီး ခ​လေးသူငယ်​​စောင့်ရှောက်​​ရေးအဖွဲ​တွေက ဘာမှမလုပ်​ကြ​တော့ဘူးလား။ ကျွန်မဆိုလိုတာက ကိုယ်​တစ်​​ယောက်​ထဲ​တောင်းစားပါ၊ ဘာဖြစ်​လို့ လူမမယ်​​လေး​တွေကို
ခုတုံးလုပ်နေကြတာလဲ။

နောက်​က​နေ လုပ်​ခိုင်းတဲ့လူ​တွေကို ဘာဖြစ်​လို့အ​ရေးယူမူ​တွေ မလုပ်​တာလဲ၊ ဒီက​လေး​တွေရဲ့ဘဝ ဒီမှာတင်​ပြီးသွားကြပြီလား။ အခု​တော့ရှင်​လျှက်​နဲ့ မနိုး​သောအိပ်​ချင်းများနဲ့ အိပ်​​နေကြရတယ်​ကလေး​တွေကို ဘာ​ဆေး​တွေတိုက်​ပြီး အိပ်​ခိုင်းထားရတာလဲ။
ကျွန်​မစိတ်​ထဲမှာအ​တော်​​လေးစိတ်​မ​ကောင်းဖြစ်​ရပါတယ်။ သူတို့မှာလဲအသက်​နဲ့ပါ ကိုယ်​ထမင်းဝဖို့အတွက်​ တစ်​ခြားသူတစ်​​ယောက်​အသက်​ကိုပါ မသနားတာ​တော့ လူမှဟုတ်ကြသေးရဲ့လား..။
ကျွန်​မဓာတ်​ပုံရိုက်​​တော့ မျက်​နှာကိုကာထားတယ်​​လေ၊ သူမျက်​နှာက ထန်​​နေတာပဲ ပြီး​တော့ ကိုယ့်စောက်​လုပ်​ ကိုယ်​လုပ်​တာတဲ့ အရမ်းကို အကျင့်စာရိတ္တ​တွေပါ ပျက်​ပြားပြီး လူကြီးမှန်​နားမလည်​တာပဲကြည့်ပါ။ အခုအရွယ်​မှာ​တောင်​ ဒီလိုစရိုက်​​တွေရှိ​နေရင်​ လူကြီးဖြစ်​တဲ့အခါ​တွေးတာကြည့်ပါတော့။

မီးစိမ်းတော့ ကားထွက်​ခါစရှိ​သေးတယ်​ ကျွန်မကို ဖေနဲ့ကိုင်တုပ်ပြီး (ဖလမ) လို့ လှမ်းဆဲပါတယ်။
ဪ... ငါကိုက ရင်​ခွင်က​လေးကို ဂရုဏသက်​မိလို့ ရလိုက်တဲ့ သင်ခန်းစာပဲလို့ ဖြေလိုက်ပါတယ်။
ကျွန်​မအဆဲခံရတာထက်​ အသက်​က​လေးတစ်​ခု ချမ်းသာရသွားရင်​​တော်​ပါပြီ။ မိုးကြီးလေကြီးထဲမှာ ဒီကလေးလေး ဘာမှမဖြစ်ပဲ ကျန်းကျန်းမာမာရှိပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

ဒီပို့ကိုများများရှယ်​ယာလုပ်​​ပေးကြပါ၊ အခုလိုအဖြစ်​အပျက်​​တွေကို အများမြင်​ဖူးကြမှာပါ။ သက်​ဆိုင်​ရာလူကြီးများ သိပါ​စေလို့ရည်​ရွယ်​ပါတယ်​။

အဖြစ်ပျက်တွေအားလုံးကတော့ မစန်းစန်းဝင်း ကိုယ်တိုင်ကြုံတွေခဲ့ရတာတွေပဲ ဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ဖော်ပြရေးသားထားပါတယ်။

 


25 Jun 2018     1,468 Views




RELATED

Most Popular of Special or Others

Most Popular of NEWS