BEC-TERO TV

ဗလီခြံစည်းရိုးပေါ် တက်ကခဲ့တဲ့ နိုင်ငံခြားသူနှစ်ဦးကို အရေးမယူဖို့ မလေးရှားဆုံးဖြတ်

25 Jun 2018     1,256 Views


မလေးရှားနိုင်ငံ ဆာဗားပြည်နယ်ရှိ အထင်ကရ ဆွဲဆောင်မှုနေရာတစ်ခုဖြစ်သော မြို့တော်ဗလီရှေ့တွင် ဇွန်လ ၂၄ ရက်နေ့က လာရောက်လည်ပတ်ခဲ့သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များထဲမှ အမျိုးသမီးနှစ်ဦးက ခြံစည်းရိုးပေါ်တက်ကာ ကပြနေသည့် ဗီဒီယို ပျံ့နှံ့ခဲ့သည်။

ယင်းလုပ်ရပ်သည် ဘာသာရေးအထွဋ်အမြတ် အဆောက်အဦရှေ့တွင် အရိုသေမဲ့အကျည်းတန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုဝေဖန်မှုများ ရှိခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးနှစ်ဦးနှင့် သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီကို အရေးယူခံရနိုင်သည်ဟု သတင်းများတွင် ဖော်ပြပါရှိခဲ့သည်။

ယနေ့ ဇွန်လ ၂၅ ရက် တနင်္လာနေ့မှာတော့ ဆားဗားခရီးသွားလုပ်ငန်းဝန်ကြီးဌါနက ဝန်ကြီး ခရစ္စတီးနားလွီး က အဆိုပါ ခရီးသွားများအနေနဲ့ ယင်းကဲ့သို့ အပြုအမူမျိုးကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ၊ မသိ၍သာ လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်တဲ့အတွက် တရားစွဲဆိုအပြစ်ပေးမှု မလုပ်တော့ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် ယခုအဖြစ်ပျက်နဲ့ သက်ဆိုင်သူများကို ဖော်ထုတ်ရှာဖွေပြီး ငွေဒဏ်တပ်ခြင်း၊ ပညာပေးခြင်း စတာတွေကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ခရီးသွားအေဂျင်စီကိုလည်း ဒဏ်တပ်သွားမည်ဖြစ်ပြီး ဘုရားရှိခိုးကျောင်း ဗလီရှေ့တွင် ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်သွားတယ်ဆိုတာကို စုံစမ်းဖော်ထုတ်မှာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။ သူမအနေနဲ့ ယခုလိုအဖြစ်မျိုး ထပ်ဖြစ်တော့မည်မဟုတ်ကြောင်း မျှော်လင့်ထားသည်။

လက်ရှိမှာတော့ မြို့တော်ဗလီအနီးနားသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ခွင့်ကို ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။


25 Jun 2018     1,256 Views




RELATED

Most Popular of International News

Most Popular of NEWS