BEC-TERO TV

ကိုယ်ဝန်ဆောင်ဇနီးကို လက်မောင်းရင်းမှ ဓါးနဲ့ခုတ်ဖြတ်ပြီး နိုင်ငံကူးပြီးထွက်ပြေး

26 Jun 2018     1,516 Views


ကိုယ်ဝန်ဆောင်ထားသော ဇနီးသည်ကို အသားခုတ်ဓါးဖြင့် လက်မောင်းအရင်းမှ ခုတ်ဖြတ်ခဲ့ပြီးနောက် ကနေဒါနိုင်ငံထဲသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော ခင်ပွန်းဖြစ်သူအား ရဲအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ “လီယောင်” ဟာ သူတို့ရဲ့ အသက် ၇ နှစ်အရွယ် သားငယ်ကျောင်းပြန်လာချိန်ကို ဘရွတ်ကလင်းရှိ သူတို့၏ နေအိမ်မှစောင့်နေစဉ် ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် “ယောင်လူ” က ရုတ်တရက် ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အသားခုတ်ဓားဖြင့် သူမ၏ ညာဘက်လက်မောင်းကို ခုတ်ဖြတ်ခဲ့ပြီးနောက် ဘယ်ဘက်လက်ချောင်းလေးများကိုလည်း ခုတ်ဖြတ်ခဲ့ပြီး ထွက်ပြေးသွာခဲ့သည်။

စူးရှနာကျင်စွာအော်ဟစ်သံကြောင့် အိမ်နီးချင်းများက ရဲကို အကြောင်းကြားခဲ့သည်။ သူမကို ဆေးရုံသို့ အမြန်တင်ပို့ခဲ့ပြီး ဆရာဝန်များက ညာဘက်လက်မောင်းကို ကြိုးစားပြီး ပြန်ဆက်ပေးခဲ့ကြသည်။

နှစ်ရက်ခန့်အကြာတွင် “ယောင်လူ” ကို နီရာဂရာရေတံခွန်အနီး စာသောက်ဆိုင်တန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးမိချိန်တွင် သူနဲ့အတူ သက်ကယ်အင်္ကျီတစ်စုံကိုပါ တွေ့ရှိခဲ့သည်။ “ယောင်လူ” ၏ ဖြောင့်ချက်အရ ဘတ်စ်ကားမောင်းသူ တစ်ယောက်အား သူ့ကို ကုန်သေတ္တာခန်းတွင်းထည့်ကာ ကနေဒါနိုင်ငံကို ခေါ်သွားပေးရန် ညှိနှိုင်းခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ဆိုပါတယ်။ ဘတ်စ်ကားမောင်းသူက ရဲများထံအကြောင်းကြားခဲ့သည်။

အဲဒီနောက် သူက ဝေါလ်မတ် စူပါမားကတ်ကနေ သက်ကယ်အင်္ကျီ ဝယ်ယူခဲ့ပြီး နီရာဂရာမြစ်ကြောင်းအတိုင်း ရေစီးနဲ့မျောကာ ကနေဒါနိုင်ငံထဲသို့ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဘရွတ်ကလင်းရှိ အိမ်နီးချင်းများ၏ ပြောပြချက်အရ သူတို့မိသားစု နေထိုင်လာတာ နှစ်နှစ်ခန့်ရှိပေမယ့် ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်းနေကြပြီး လှုမှုရေးမရှိသူများဖြစ်ကြောင်း သိရှိရသည်။
 


26 Jun 2018     1,516 Views




RELATED

Most Popular of International News

Most Popular of NEWS