BEC-TERO TV

ရန်ငြိုးထားကာ ဆွေမျိုးအားလုံးကို အဆိပ်ကျွေးသတ်

26 Jun 2018     1,279 Views


အိန္ဒိယနိုင်ငံက အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းအပါအဝင် ဆွေမျိုးများအားလုံးကို ရန်ငြိုးထားပြီး အိမ်မှာ အလှူပြုလုပ်စဉ် အစားအသောက်များထဲသို့ ပိုးသတ်ဆေးထည့်ကာ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ‘ပရက်ညာဆာဗေ့’ ဆိုသူ အမျိုးသမီးက ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အလှူမှာ ဆွေမျိုးများအပါအဝင် ဧည့်သည် ၁၂၀ တက်ရောက်ခဲ့ပါတယ်။ ဧည့်ခံကျွေးမွေးတဲ့ အစားအစာတွေ စားသောက်ပြီးနောက် အသက် ၇ နှစ်ကနေ ၁၃ နှစ်အတွင်း ကလေး ၄ ဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး အဆိပ်သင့်ကာ သေဆုံးခဲ့သည်။

သူမရဲ့ အဓိကရည်ရွယ်ချက်မှာ သူမ၏ခင်ပွန်း၊ ယောက္ခမ၊ ယောင်းမ နှစ်ဦးနဲ့ ယောက္ခမ၏ညီမဖြစ်သူတို့ကို သတ်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယသတင်းက ဖော်ပြထားသည်။

သူမဟာ အိမထောင်ကွဲတစ်ဦးဖြစ်ခဲ့ဖူးပြီး ယခုအိမ်ထောင်နဲ့ နှစ်နှစ်ကြာ ပေါင်းသင်နေထိုင်စဉ် ကာလအတွင်း သူမ၏နက်မှောင်သော အသားအရေ၊ အချက်အပြုတ်ညံ့ကြောင်းကို အားလုံးက အကြိမ်ကြိမ် ဝိုင်းဝန်းစော်ကားခဲ့ကြသည်ဟု ထွက်ဆိုခဲ့သည်။

အလှူပြုလုပ်ပြီးနောက်တစ်နေ့တွင် လူပေါင်း ၈၈ ယောက်က ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း ဝေဒနာများကို ခံစားရကာ ဆေးရုံတင်ပို့ခဲ့ကြရပါတယ်။ ထိုအထဲတွင် အသက် ၇ နှစ်ကနေ ၁၃ နှစ်အတွင်း ကလေး ၄ ဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး အဆိပ်သင့်ကာ သေဆုံးခဲ့ပြီး အမျိုးသားကြီးနှင့် ကလေးနှစ်ဦးက ‘ဆာဗေ့’၏ အမျိုးများဖြစ်ကြသည်။

ရဲများ၏ စစ်ဆေးမှုကြောင့် နောက်ဆုံးတွင် ‘ဆာဗေ့’ မှာ ဆောက်တည်ရာမရဖြစ်ပြီး အဖြစ်မှန်ကို ဝန်ခံထွက်ဆိုခဲ့သည်။ သူမက ခင်ပွန်းသည်၏ အမျိုးများကို အသေသတ်ရန် ရည်ရွယ်ပြီး အစားထဲတွင် မြွေသတ်ဆေး အဆိပ်ကို ထည့်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

‘ဆာဗေ့’ ကို လူသတ်မှု၊ ကြိုတင်ကြံစည်မှု၊ ကလေးငယ်များ သေဆုံးစေမှုတို့နဲ့ တရားစွဲဆိုထားပြီး သေဒဏ်ကျခံရဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။


26 Jun 2018     1,279 Views




RELATED

Most Popular of International News

Most Popular of NEWS