မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အထပ်မြင့်နေအိမ်များ ဆက်တိုက်ပြိုကျ
26 Jun 2018 1,590 Views

တရုပ်နိုင်ငံ ဂေါင်ဇီဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ မြေကျွံမှုများကြောင့် အထပ်မြင့်လူနေအိမ်တိုက်ခန်းတွဲများ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပြိုကျခဲ့သလို မော်တော်ကားများလည်း မြေတွင်းချိုင့်ကြီးထဲသို့ လိမ့်ဆင်းခဲ့ရမှုများ ဖြစ်ပွားခဲ့ပါတယ်။
အနည်းဆုံး အဆောက်အဦးအလုံး ၂၀ လောက်ပြိုကျခဲ့ပြီး လူပေါင်း ၃၈၀ ကို ဘေးလွတ်ရာသို့ နေရာပြောင်းရွေ့ခဲ့ရပါတယ်။ ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့နိုင်ခဲ့တာကြောင့် အသက်ဆုံးရှုံး ဒဏ်ရာရသူမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဆောက်အဦးများ ကားများ ဘုန်းဘုန်းလဲကာ ပြိုကျခဲ့တဲ့ ဗီဒီယိုက ထိတ်လန့်စရာပါ။
သက်ဆိုင်ရာက အပျက်အဆီးများကို ရှင်းလင်းလျှက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။






