BEC-TERO TV

အပျိုကြီးဘ၀က ကျွတ်တော့မယ်ဆိုတဲ့ အေးမြတ်သူ

26 Jun 2018     2,341 Views


အနုပညာလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားပြီး ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ဆွဲဆောင်မှုရှိတဲ့ မင်းသမီးချောလေး အေးမြတ်သူတစ်ယောက် တူရကီနိုင်ငံကို အပန်းဖြေခရီးရောက်ရှိလို့နေပါတယ်။ အသက် ၃၃နှစ်ရှိနေပြီဖြစ်တဲ့ အပျိုကြီးမမ အေးမြတ်သူက ချစ်သူမပါတဲ့ခရီးစဉ်လေးကို Explorers of Myanmar ဆိုတဲ့ ခရီးသွားအဖွဲ့တစ်ခုနဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ 

ခရီသွားနေတဲ့ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေရင်း သူမချစ်သူကိုလည်း သူမအရမ်းပျော်နေကြောင်း စာသားလေးတွေရေးကာပြောထားပါသေးတယ်.....

“ချစ်သူ…ပျော်လားမေးရင် ကျမပျော်တယ်
လွမ်းလားမေးရင် ကျမလွမ်းတယ်
ကျမအပျော်တွေ အလွမ်းတွေ ကို ချစ်သူသိအောင်
ပုံလေးတွေ တင်ခွင့်ပြုပါနော်....
ချစ်သူ ပေးလိုက်တဲ့ မုန့်ဖိုးတွေလည်း 
ချစ်သူ ကို ချစ်လို့ ကုန်အောင်သုံးခဲ့မယ်နော် 
အရမ်း လွမ်းနေတယ်ရှင့်”  ဆိုပြီး ခရီတွေသွားရတာပျော်နေပေမယ့်လည်း  ချစ်သူကိုလွမ်းမိကြောင်း ရေးသားထားပါတယ်။

လုပ်ချင်တာတွေလုပ်မိတိုင်း အပြစ်မမြင်ပဲ နားလည်စောင့်ရှောက်ပေးတဲ့ ချစ်သူကြောင့် အပျိုကြီးဘ၀က မြန်မြန်ကျွတ်တော့မယ်ဆိုပြီးလဲ ပရိသတ်တွေကို ကြိုတင်အသိပေးထားပါသေးတယ်….

“မမြတ်လေး အသက် ၃၀ကျော် ၃၃ ပါရှင့်
လုပ်သင့်တာတွေလည်း လုပ်နေသလို
လုပ်ချင်တာလေးတွေလည်း လုပ်တက်ပါတယ်ရှင့်
ခွင့်လွှတ်ပေးတက်တဲ့ ချစ်ရသူတယောက်ချင်းစီတိုင်းကို 
အရမ်းချစ်ပြီးကျေးဇူးတင်ပါတယ်ရှင့်
စကားမစပ် လုပ်ချင်တာတွေလုပ်တိုင်း အပြစ်မမြင်ဘဲ
အဝေးကနေ စောင့်ရှောက်ပေးတက်တဲ့ ချစ်သူရေ .....
အပျိုကြီးလည်း ဒါလေးတွေကြောင့် မြန်မြန်ကျွတ်တော့မယ် ထင်တယ်ရှင့်”  ဆိုပြီးရေးသားကာ ပုံလန်းလန်းလေးတွေကိုလဲ မျှဝေထားပါသေးတယ်။ 

ချစ်သူရဲ့ အလိုလိုက် ဂရုစိုက်မှုတွေကြောင့် ပျော်ရွှင်နေတဲ့ မမြတ်လေးကတော့ အချစ်ရေးမှာ ကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲနော်…..

 


26 Jun 2018     2,341 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment