BEC-TERO TV

ပျောက်ဆုံးသွားသော ဘောလုံးအဖွဲ့ ၁၃ ဦးအားရေအောက်မှ ဆက်လက်ရှာဖွေ

26 Jun 2018     1,289 Views


ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ပြည်နယ် ချိုင်းရိုင်ဒေသရှိ သဘာဝကျောက်လှိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခဲ့သော ကလေး ၁၂ ယောက်နှင့် ဘောလုံးနည်းပြ တစ်ဦးတို့ကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလျှက်ရှိသည်။

ပြီးခဲ့တဲ့ စနေနေ့က အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြ အက်ကာပိုချန်ဝေါင်း ဆိုသူက သူ၏အသင်းသားများနဲ့ ဘောလုံးလေ့ကျင့်ပြီးနောက် စက်ဘီးကိုယ်စီနဲ့ ပြန်လာခဲ့ရာ ရုတ်တရက် မိုးသည်းထန်စွာ ရွာချခဲ့သဖြင့် ကျောက်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခိုနားခဲ့ကြသည်။

အဆိုပါနေ့ ည ၇ နာရီအချိန်တွင် ကလေးတစ်ဦး၏ မိခင်က သားဖြစ်သူ ပြန်မရောက်လာသဖြင့် ရဲကိုဖုန်းဆက် အကြောင်းကြား အကူညီတောင်းခဲ့သည်။ ရဲအဖွဲ့က လှိုက်ဂူအတွင်း ဝင်ရောက်ရှာဖွေခဲ့ပေမယ့် အမှောင်ထုနဲ့ ရေတက်နေတာကြောင့် အခက်အခဲဖြစ်ခဲ့ပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲ၊ ကယ်ဆယ်ရေးသမားများနဲ့ ရေတပ်တို့ ပူးပေါင်းကာ ပျောက်ဆုံးနေသော ကလေးများနဲ့ နည်းပြ စုစုပေါင်း လူ ၁၃ ဦးကို ရှာဖွေလျှက်ရှိသည်။
“သမ်လောင်းနန်နွံ” လှိုဏ်ဂူကြီးရဲ့ အရှည်မှာ ၅ မိုင်ခန့်ထိရှည်လျားပြီး မိုးတွင်း ရေတက်ချိန်ဆိုရင် ၁၆.၅ ပေလောက်ထိ ရေအမြင့်ရှိသည်။
အဆိုပါလှိုဏ်ဂူမှာ နိုင်ငံခြားခရီးသွားများနဲ့ ခြေလျင်ခရီးသည်တွေ အတွက် စွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

လက်ရှိနောက်ဆုံး အနေနဲ့ သူတို့ရဲ့ စက်ဘီး၊ ဘောလုံးပိုက်ကွန်နဲ့ ဘောကန်ပစ္စည်းတွေကို လှိုဏ်ဂူဝမှာ တွေ့ရပါတယ်။ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက ကလေးတွေ အသက်အန္တရာယ်ကင်းစွာနဲ့ ပြန်တွေ့နိုင်ဖို့ လှိုဏ်ဂူအဝင်ဝမှာ ပူဇော်ပသ ဆုတောင်းနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

နောက်ဆုံးသတင်းအရ ထိုင်းနိုင်ငံ တော်ဝင်လေတပ်က လေယာဉ် C-130 နဲ့ ရောက်ရှိလာပြီး ရေအောက်ရှာဖွေရေး စက်ရုပ်ရေယာဉ် ROV ကိုလည်း ယူဆောင်လာခဲ့ပြီး ရေအောက်ကနေ ဂူလမ်းကြောင်းတစ်လျှောက် အဝေးထိန်းစနစ်နဲ့ ကင်မရာများကနေတစ်ဆင့် ဆက်လက်ရှာဖွေသွားမှာဖြင်ပါတယ်။


26 Jun 2018     1,289 Views




RELATED

Most Popular of International News

Most Popular of NEWS