BEC-TERO TV

ကိတ်မုန့်တိုက်ပိုင်ရှင် ဂျုံမွှေစက်ထဲပြုတ်ကျ စက်ညပ်ပြီးသေဆုံး

27 Jun 2018     1,471 Views


ကိတ်မုန့်တိုက်ပိုင်ရှင် အသက် ၇၃ နှစ်အရွယ်အမျိုးသားကြီး တစ်ဦးဟာ ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက မုန့်ဖုတ်စက်ရုံရှိ မုန့်သားများမွှေသည့် စက်ကြီးထဲသို့ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

စင်ကာပူနိုင်ငံ ဘဒုတ်ရပ်ကွက်ရှိ မုန့်ဖုတ်စက်ရု့တစ်ခုမှာ ဇွန် ၂၅ ရက် ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ စက်ရုံပိုင်ရှင် မစ္စတာအန်ဂျီ ဟာ စက်ရုံ ဒုတိယထပ်မှာရှိတဲ့ မုန့်သားမွှေသည့် စက်အတွင်း ပြုတ်ကျခဲ့စဉ် အနားမှာ ဘယ်သူမှမရှိတဲ့အတွက် ကယ်တင်ချိန် မရလိုက်ပဲ အောက်ထပ်ရှိ စက်ရုံလုပ်သားများက ညှော်နံ့ရခဲ့တာကြောင့် တက်ကြည့်ခဲ့စဉ် ပိုင်ရှင်မှာ စက်ညပ်ပြီး သေဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။

အိမ်နီးချင်းများက အဆိုပါ စက်ရုံပိုင်ရှင်ဟာ ခင်မင်တတ်သူတစ်ဦးဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးကြောင်း၊ သူ့ရဲ့ စက်ရုံထဲက မုန့်လုပ်တဲ့ စက်တွေဟာ အကြီးကြီးတွေဖြစ်လို့ အဲဒီအထဲကို ပြုတ်ကျခဲ့ချိန် သူ့ရဲ့နောက်ဆုံးအချိန်မှာ ဘယ်လောက်တောင် နာကျင်ခံစားရမယ်ဆိုတာတောင် မတွေးရဲကြောင်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

မစ္စတာအန်ဂျီ မတော်တဆမှု ဖြစ်ခဲ့တာကို မျက်မြင်သက်သက်မရှိခဲ့တဲ့အတွက် ရဲများက အဖြစ်မှန်ကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း စင်ကာပူသတင်းတွင် ဖော်ပြထားသည်။


27 Jun 2018     1,471 Views




RELATED

Most Popular of International News

Most Popular of NEWS