BEC-TERO TV

ကလေးငယ်များခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက်အစားအသောက်များ

24 Jul 2015     1,352 Views


မိဘများအနေနဲ့မိမိတိုရဲ့ကလေးဟာဝလွန်းနေလား၊ပိန်လွန်နေလား၊ပုံမှန်အနေအထားလားဆိုတာတိတိကျကျသိရှိဖို့လိုပါတယ်။ခန္ဓာကိုယ်အနေတော်ဖြစ်နေတဲ့ကလေးတွေမှာဆိုရင်သူတို့နေ့စဉ်စားသောက်တဲ့အစားအစာကရရှိတဲ့စွမ်းအင်နဲ့သူတို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့လှုပ်ရှားမှုတွေ၊လှုပ်ဆောင်ချက်တွေဟာသမမျှတမှုရှိနေတက်ပါတယ်။
 
အထူးသဖြင့်တစ်နှစ်ကနေ သုံးနှစ်အရွယ်ကလေးတွေဟာအဆော့သန်ကြတဲ့ကလေးတွေဖြစ်ပါတယ်။အဲ့လိုအချိန်တွေမှာ သူတို့စားတဲ့အစားအသောက်နဲ့သူတို့ရဲ့လှုပ်ရှားမှုဟာမျှတမှုရှိမနေတက်ပါဘူး။အစားအရမ်းရွေးတဲ့ကလေးတွေမှာဆိုရင်ဒီလိုအသက်အရွယ်မျိုးမှာခန္ဓာကိုယ်အလေးချိန်လျော့နေတက်တာကိုတွေ့ရပါတယ်။
 
ဒီလိုအခြေနေမျိုးမှာဆိုရင်မိဘတွေကကလေးငယ်ကို ဂရုစိုက်ပြီးအစားအစာတွေကိုမျှတအောင်ကျွေးပေးရပါမယ်။စွမ်းအင်အာဟာရများစွာရရှိတဲ့အစာအာဟာရအုပ်စုနဲ့စွမ်းအင်အနည်းငယ်သာရရှိတဲ့အစာအာဟာရအုပ်စုဆိုပြီး ၂မျိုးခွဲထားပါတယ်။စွမ်းအင်အများဆုံးရနိုင်တာတွေကတော့ဆန်၊ဂျုံ၊ပြောင်း၊အသား၊ငါးတွေဟာစွမ်းအင်ပမာဏအများဆုံးရရှိပါတယ်။
 
အသီးအနှံပဲကြိုက်တက်တယ်၊ဟင်းသီးဟင်းရွက်တွေကြိုက်တက်တယ်၊သရေစာကိုပဲခုံမင်တက်တဲ့ကလေးတွေဟာကိုယ်အလေးချိန်ကျတက်ပါတယ်။အသားငါးတွေ၊ထမင်းတွေအများကြီးစားတက်တဲ့ကလေးတွေမှာဆိုရင်ခန္ဓာကိုယ်အလေးချိန်တိုးမြင့်နေတက်ပါတယ်။
 
ကလေးတွေမှာခန္ဓာကိုယ်အလေးချိန်တိုးစေဖို့အတွက်အစားအသောက်ကိုနည်းလမ်း ၄ မျိုးနဲ့သေသေချာချာကျွေးနိုင်ပါတယ်။ပထမတစ်ချက်ကစားသောက်မှုပုံစံမှာကလေးတစ်ယောက်ကအရမ်းလှုပ်ရှားမှုများတဲ့ကလေးမှာဆိုရင်အစားအသောက်ကိုပိုပြီးတော့ကျွေးသင့်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ချက်ပြုမှုပုံစံကိုပြောင်းလဲပေးရပါမယ်။
 
ပိန်လွန်းတဲ့ကလေးတွေမှာဆိုရင်ပြုတ်ပြီးတော့ကျွေးတာမျိုး၊ပေါင်းပြီးတော့ကျွေးတာမျိုးတွေထက်ဆီနဲ့ကြော်ကျွေးတာတွေ၊ချက်ပြီးတော့ကျွေးတာတွေကပိုပြီးတော့သင့်တော်ပါတယ်။ပုံမှန်နေ့စဉ်ထမင်းစားနေတဲ့အပြင် မနက်စာ ညစာတွေမှာနွားနို့အခြားအာဟာရဖြစ်မယ့်အစားအစာတွေကိုကျွေးပေးခြင်းနဲ့ပေါင်မုန့်၊ကိတ်မုန့်တွေကိုကျွေးပေးခြင်းကစွမ်းအင်ကိုပိုပြီးတော့ရရှိစေနိုင်ပါတယ်။
 
စပျစ်သီး၊ငှက်ပျောသီး၊ပန်းသီး၊ထောပတ်သီး စတဲ့အသီးတွေဟာလည်းခန္ဓာကိုယ်စွမ်းအင်အတွက်ကိုပိုပြီးတော့အထောက်အကူပြုနိုင်တဲ့အသီးအနှံတွေပဲဖြစ်ပါတယ်။ဖော်ပြပါနည်းလမ်းတွေအားဖြင့်သားသားမီးမီးတွေရဲ့ခန္ဓာကိုယ်အလေးချိန်ကိုဘယ်လိုထိန်းသိမ်းပေးရမလဲ၊သူတို့ရဲ့ခန္ဓာကိုယ်စွမ်းအင်အတွက်ဘယ်လိုသမမျှတအောင်ကျွေးမွေးရမလဲဆိုတာသိရှိပြီးလိုက်နာဆောင်ရွက်သင့်ပါတယ်။

24 Jul 2015     1,352 Views




RELATED

Most Popular of Health Fix

Most Popular of Life Style