BEC-TERO TV

SkyNet မရှိပဲ အောင်လအန်ဆန်းပွဲကို အစအဆုံး ဘယ်လိုကြည့်မလဲ..?

28 Jun 2018     1,461 Views


ဇွန်လ ၂၉ (မနက်ဖြန်) တွင်ယှဉ်ပြိုင်မည့် ONE Championship “Spirit Of A Warrior” အောင်လအန်ဆန်း ရဲ့ မစ်ဒယ်ဝိတ်ချံပီယံခါးပတ်ကာကွယ်ပွဲ အစဆုံးကို SkyNet တပ်ဆင်မထားပဲ ကြည့်ရှုနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

မိမိရဲ့ နေအိမ်မှာ SkyNet  တပ်ဆင်မထားလို့ဖြစ်စေ၊ ပြည်ပရောက်နေလို့ ဖြစ်စေ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းရဲ့ ပွဲကြီးပွဲကောင်းတစ်ခု မလွတ်သွားရအောင် ရည်ရွယ်ဖော်ပြခြင်းသာဖြစ်ပါတယ်။

ဘယ်လိုကြည့်နိုင်မလဲ..?


ONE Championship ရဲ့ မိုဘိုင်းအပလီကေးရှင်းကို အသုံးပြုပြီး ONE Championship က ကျင်းပသမျှ ပွဲတိုင်းကို အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ “ONE Championship App ကို မိမိရဲ့ မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းထားဖို့လိုပါတယ်။ iOS, Android နှစ်မျိုးစလုံးအတွက် ထုတ်ပေးထားတာမို့ အောက်ပါလင့်ခ်နေရာမှ Download & Install လုပ်နိုင်ပါတယ်။


**ONE Champuinship App**


>> Download For (Android)

>> Download For (iOS)

ONE Championship App မိုဘိုင်းဖုန်းထဲ ရောက်သွားပြီဆိုရင်တော့ အနီးဆုံးယှဉ်ပြိုင်မယ့် ပွဲကိုမြင်တွေ့ရပါလိမ့်မယ့်၊ အဲဒီမှာ ပွဲစဖို့ အချိန်ဘယ်လောက်လိုသေးကြောင်း ပြသနေပါလိမ့်မယ်။ လက်ရှိမှာ အောင်လအန်ဆန်း VS ဟာဆီဂါဝါ တို့ရဲ့ပွဲကို မြင်တွေ့ရမှာပါ။ ပွဲစတင်ချိန်မှာ အဲဒီနေရာကပဲ တိုက်ရိုက် LIVE ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

 


အင်တာနက် ကော်နက်ရှင်း (Internet Connection)

အပလီကေးရှင်းကို အသုံးပြုပြီဆိုတာနဲ့ အင်တာနက် ကော်နက်ရှင်အတွက် ဒေတာ လိုအပ်တာ သေချာပါပြီ။ နိုင်ငံရပ်ခြားက သူများအနေနဲ့ ဒေတာပြဿနာ အကြီးအကျယ်မရှိနိုင်ပေမယ့် ပြည်တွင်းမှာတော့ အနည်းနဲ့အများ ပြဿနာရှိနေပါသေးတယ်။

အောင်လအန်ဆန်း ပွဲအတွက် ONE App အသုံးပြုမှု Data package ကို တယ်လီနောမှ ထုတ်ပေးကောင်းထုတ်ပေးနိုင်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း မသေချာသေးပါ။

ဒီတစ်ခါ အောင်လအန်ဆန်းပွဲကို ONE App ကနေ ကြည့်ကြဖို့ဆိုရင် လက်ရှိမှာ အခြားမိုဘိုင်း အော်ပရေတာများထက် များစွာသက်သာပြီး ဒေတာတွေအများကြီးပေးနေတဲ့ “MyTel” ကို အသုံးပြုဖို့က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ (ကြော်ငြာခြင်းမဟုတ် သက်သာတာရွေးချယ်ပေးခြင်းပါ)

ပွဲစဉ်တစ်လျှောက်လုံး အချိန် ၃ နာရီခန့်ဆိုလျှင် ဒေတာ 10 GB က လုံလောက်ကောင်းပါရဲ့။
MyTel ရဲ့ SHWE OH plan မှာ 10 GB ကို ကျပ် ၇,၀၀၀ နဲ့ ဝယ်ယူနိုင်တာမို့ SIM card ကျပ် ၁,၀၀၀ နဲ့ ပေါင်းလိုက်ရင် မြန်မာကျပ်ငွေ ၈,၀၀၀ ထဲနဲ့ အွန်လိုင်းကနေ တိုက်ရိုက် LIVE ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်တွင်းကနေပြီး ONE Championship App သုံးပြီး အေးဆေးကြည့်ကြမယ့်သူတွေအတွက် ဖော်ပြပါနည်းနဲ့ အသက်သာဆုံး ကြည့်ရှုနိုင်မှာဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။



ကွင်းထဲမှာသွားအားပေးမယ်

ကိုယ်တိုင်ကိုယ်ကျ သုဝဏ္ဏအားကစားရုံထဲမှာ အားပေးချင်ကြသူတွေအနေနဲ့ လက်မှတ်များကို My AsiaTicket အရောင်းဌါနမှာ လာရောက်ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဈေးနှုန်းများ > ၁၀,၀၀၀ ကျပ်၊ ၂၅,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ်၊ ၂၀၀,၀၀၀ ကျပ်တို့ဖြစ်ပါတယ်။

My AsiaTicket လိပ်စာ
အခန်း(၇၀၃)၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ (၁)လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၁ ၅၄၉ ၂၉၇


28 Jun 2018     1,461 Views




RELATED

Most Popular of Special or Others

Most Popular of NEWS