BEC-TERO TV

လှိုဏ်ဂူထဲပျောက်ဆုံးနေသူများအားရှာဖွေရန် နိုင်ငံခြားမှ ကျွမ်းကျင်ရေငုတ်သမားများရောက်ရှိ

28 Jun 2018     1,663 Views


ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ သဘာဝကျောက်လှိုဏ်ဂူကြီးအတွင်း ပျောက်ဆုံးသွားခဲ့သော ကလေး ၁၂ ဦးနဲ့ နည်းပြတစ်ဦးကို ကူညီရှာဖွေပေးရန် နိုင်ငံခြားမှ ရေငုတ်ကျွမ်းကျင်သူ ၃ ဦး ဇွန်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်။

ရေငုတ်သမား သုံးဦးမှာ ကမ္ဘာအရပ်ရပ်ရှိ ကျောက်လှိုဏ်ဂူများတွင် ရေငုတ်ခဲ့ဖူးသည့် အတွေ့အကြုံများစွာရှိသူများဖြစ်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း လှိုဏ်ဂူများ စူးစမ်းရှာဖွေသူ အမေရိကန် အွန်လိုင်းအဖွဲ့နဲ့ ချိပ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရေငုတ်သမားများနည်းတူ အမေရိကန်စစ်တပ်မှ စစ်သားများလည်း ရောက်ရှိကာ ပူးပေါင်းရှာဖွေ ဆောင်ရွက်နေကြပြီဖြစ်သည်။

“ကျွန်တော်က​တော့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေကို ပိုပြီးစိုးရိမ်ပူပန်မိတယ်” “အခုလို အားလုံးက ဝိုင်းဝန်းပြီး မမောနိုင်မပမ်းနိုင် ကြိုးစားရှာဖွေပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မြို့တော်ဝန် Mr Narongsak က ပြောကြားခဲ့သည်။

ကလေး ၁၂ ဦးပါ ဘောလုံးအသင်းမှာ ဇွန်လ ၂၃ ရက်နေ့က လှိုဏ်ဂူထဲဝင်ရောက်သွားခဲ့တာ ဖြစ်ပြီး ယနေ့ထိ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ ပျောက်ဆုံးခဲ့သူများကို ထိုင်းနိုင်ငံ တော်ဝင်တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီရှာဖွေနေဆဲဖြစ်သည်။
 


28 Jun 2018     1,663 Views




RELATED

Most Popular of International News

Most Popular of NEWS