အိမ်ဖော်မိန်းကလေးအား ကာဣနြေ္ဒပျက်အောင် အိမ်ရှင်နှင့်အလုပ်သမားများက အနိုင်ကျင့်နှိပ်စက်
02 Jul 2018 1,627 Views

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေသော အသက် ၁၉ နှစ်အရွယ် အိမ်ဖော်မိန်းကလေးကို အိမ်ရှင်လင်မယားနဲ့အတူ ဆိုင်အလုပ်သမားများက နိုင့်ထက်စီးနင်းပြုကာ ကာဣနြေ္ဒပျက်အောင်ပြုလုပ်ခြင်း၊ ဝိုင်းဝန်းရိုက်နှက်ကန်ကျောက် နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် ပုသိမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာနေ
မနော်ဘွေဒီးဝါး သည် လွန်ခဲ့သော(၃)နှစ်ကျော်ခန့်က ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် တဂေါင်းဘုရားလမ်း အိမ်အမှတ် (၁၁/က)နေအိမ်မှာ အိမ်ဖော်အဖြစ်စတင်လုပ်ကိုင်နေခဲ့သည်။ အိမ်ရှင်ဖြစ်သူ ထက်လင်းသော် အသက် ၂၉ နှစ်(ဘ)ဦးသန်းလွင် ဇနီးဖြစ်သူ မဇင်မင်းသူ အသက် (၂၈)နှစ် တို့သည် နေအိမ်၌အထည်ဆိုင်ဖွင့်သူများဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ကာ နေ့စဉ်လိုပင် ဆုံးမတယ်ပြောပြီး ဆဲဆို ခါးပတ်နဲ့ရိုက်ခြင်း လျှပ်စစ်မီးပူနှင့်ထိုးခြင်း အင်္ကျီထမီများချွတ်ပြီး အတွင်းခံ အဝတ်စားဖြင့်ထား အရှက်တကွဲ ဖြစ်စေရန် ဓာတ်ပုံများရိုက်ခြင်း၊ ၎င်းတို့နေအိမ်အထည်ဆိုင်တွင် အလုပ်သမားဖြစ်လုပ်ကိုင်နေသူ အောင်အောင် အသက်(၂၁)နှစ်(ဘ)ဦးသန်းထွေး ဆိုသူကလည်းမကြာခန ဆဲဆိုထိုးကြိတ်နေ၍ အလုပ် ဆက်လက်မလုပ်နိုင်တော့ကြောင်း မိမိအိမ်သို့ပြန်ပို့ပေးရန် မေတ္တာရပ်ခံပြောဆိုသော်လည်း ပြန်မပို့ပေးသည့်အပြင် မိခင်ဖြစ်သူ နော်ခူးဆေး လာရောက်တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မပြုခဲ့ပါ။
ဆက်လက်လုပ်ကိုင်နေရင်း ၁၈.၆.၂၀၁၈.ရက်နေ့ နံနက် (၆)နာရီ အချိန်ခန့်မှာ အိပ်ခန်းတွင်း အိပ်ပျော်နေချိန် အိမ်ရှင် ထက်လင်းသော် ရောက်လာပြီး ခေါ်နေတာမကြားဘူးလား ဟုဆို၍ ခြေထောက်ဖြင့် ဝမ်းဗိုက်၊ ဒူးတို့အား ကန်ကျောက်နေစဉ် မဇင်မင်းသူ နှင့်အောင်အောင် တိုပါရောက်ရှိလာပြီး ဝိုင်းဝန်းရိုက်နက်ကြရာ ဝဲဘက်ပေါင် ညိုမဲဒဏ်ရာများ၊ ဒူးခေါင်း ဝဲ/ယာ ညိုမဲဒါဏ်ရာများ၊ ဝဲနုတ်ခမ်းပေါ်ပေါက်ပြဲဒဏ်ရာ၊ အနာကျက် အမာရွတ်(၄)ချက်၊ ဝဲနံဘေး ညိုမဲဒါဏ်ရာ၊ ဝဲ / ယာ ပါးပြင်နာကျင်ဒဏ်ရာ၊ ယာလက်မောင်း ဝဲနို့အုံ ယာ လက်ဖျံပေါ် ယာပါးပြင်ပေါ်တို့တွင် မီးပူနှင့်ထိုးထား၍ရရှိသောအမာရွတ်ဟောင်းများ ရရှိခဲ့သည်။
ယင်းနောက် အဆိုပါနေအိမ်မှ ထွက်ပြေးခဲ့ပြီး အခြားသူ၏ အကူညီဖြင့် မိခင်ထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
၂၈.၆.၂၀၁၈ တွင် မနော်ဘွေဒီးဝါး သည် မိသားစဝင်များနဲ့အတူ ပုသိမ်နယ်မြေရဒစခန်းသို့ရောက်ရှိလာပြီး အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၂၉၇/၂၀၁၈.ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၅၂/၃၂၃/၂၉၄ /၅၀၀/၁၁၄ တို့ဖြင့်အမှုဖွင့်၍ အမှုအား ဒုရဲအုပ် ဘုန်းထက်အာကာအောင် အောင်က တာဝန်ယူစစ်ဆေးဆောင်ရွက်နေကြောင်း သိရပါသည်။
သတင်းရင်းမြစ် - ရွှေဘိုဝဠာ