BEC-TERO TV

သံလှေခါးမှတစ်ဆင့် ဓါတ်လိုက်ကာ အရှင်လတ်လတ် မီးလောင်သေဆုံး (ရုပ်သံ)

02 Jul 2018     1,829 Views


လျှပ်စစ်နဲ့ ပက်သက်ပြီး အလုပ်လုပ်ကိုင်ကြရသူတွေဟာ တစ်ကယ်ကို အန္တရာယ်များပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်မီးလိုင်း ပြုပြင်လုပ်သားတွေ အနေနဲ့ လိုအပ်တဲ့ အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်ပြီးမှသာ ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒါတွေကို အလေးမထားပဲ ပေါ့ပေါ့တန်တန် သဘောထားလိုက်တဲ့အတွက် လျှပ်စစ်လုပ်သားတစ်ဦး အသက်ပါပေးလိုက်ရပါတယ်။

ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ လျှပ်စစ်ပြုပြင်ရေးလုပ်သားတွေလို့ ယူဆရတဲ့ လူ ၃ ဦးဟာ သံလှေခါးကြီး တစ်စင်းကို တစ်နေရာကနေ တစ်နေရာတွန်းပြီး ရွှေ့နေခဲ့ပါတယ်။

သူတို့ထဲ့မှာ နောက်ဆုံးက တစ်ဦးကတော့ ဖိနပ်မပါပဲ ခြေဗလာနဲ့ တွန်းလာခဲ့တာပါ၊ ရုတ်တရက် သံလှေခါးဟာ အပေါ်မှာ တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ညိမိတဲ့အခါမှာတော့ ခြေဗလာနဲ့ လုပ်သားဟာ လှေခါးကိုကိုင်လျက် ဓါတ်လိုက်နေခဲ့ပြီး ခြေဖျားပိုင်းကနေ မီးစတင်လောင်ကျွမ်းလာတာကို တွေ့ရပါတယ်။ အခြားအလုအ်သမားတွေက ကူညီဖို့ ကြိုးစားခဲ့ပေမယ့် ဓာတ်အားက ပြင်းပုံရပါတယ် ဝင်ကူဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ တစ်ကိုယ်လုံးကို တစ်ဖြည်းဖြည်းမီးလောင်ပြီး လမ်းမပေါ်လဲကျသေဆုံးခဲ့တာကို ထိတ်လန့်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။ လျှပ်စစ်နဲ့ ပက်သက်ပြီး ပြုပြင်လုပ်ကိုင်ကြမယ်ဆိုရင်တော့ သတိကြီးစွာထားပြီး ဘေးအန္တရာယ်ကင်းရှင်းအောင် ဦးစွာလုပ်ဆောင်ကြဖို့ တိုက်တွန်းပါရစေ။


02 Jul 2018     1,829 Views




RELATED

Most Popular of Special or Others

Most Popular of NEWS