BEC-TERO TV

ထိုင်းနိုင်ငံ လှိုဏ်ဂူထဲမှ ကလေးငယ်များအား အသက်ရှင်လျက်ပြန်တွေ့

03 Jul 2018     1,547 Views


ထိုင်နိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်း လှိုဏ်ဂူအတွင်း ၉ ရက်ကျော်ကြာ ပျောက်ဆုံးနေခဲ့သော ကလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြ ၁ ဦးတို့အား ဇူလိုင်လ ၂ ရက်နေ့က ပိန်ချုံးချိနဲ့စွာ အသက်ရှင်လျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား ကလေး ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့နည်းပြတို့ဟာ ဇွန်လ ၂၃ ရက်နေ့ထဲက လှိုဏ်ဂူထဲမှာပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
နိုင်ငံတစ်ကာမှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ပြီး မိုသည်းသည်း လှိုဏ်ဂူထဲမှာ ရေများပြည့်လျှံနေသည့်ကြားမှ မျှော်လင့်ချက်အပြည့်နဲ့ ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ဇွန်လ ၂ ရက်နေ့ တနင်္လာနေ့က ချိုင်းရိုင်ခရိုင်ရဲ့ မြို့တော်ဝန်က သူ့ရဲ့ တွစ်တာကနေတစ်ဆင့် ပျောက်ဆုံးသွားတဲ့ သူတွေအားလုံးကို အသက်ရှင်လျက်ပြန်တွေ့ပါပြီဟု ရေးသားပြောကြားခဲ့သည်။

၁၃ ယောက်လုံးကို ဘေးကင်းစွာနဲ့ ပြန်တွေ့ထားပါပြီ၊ သူတို့ သွားနိုင်လာနိုင်တဲ့ထိ ဂရုစိုက်ပြုစုသွားမှာပါ၊ အစားအစာတွေနဲ့ ရေငုတ်တတ်တဲ့ ဆရာဝန်ကိုလည်း သူတို့ဆီပို့ထားပါတယ်၊ သူတို့ချက်ခြင်းကြီး အစားစားနိုင်ပါ့မလားဆိုတာတော့ မသေချာသေးပါဘူး” ဟု သတင်းသမားတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေအရ သူတို့ဟာ အစာအဟာရပြတ်လပ်ပြီး ချိနဲ့နေသေးတာကြောင့် အပြင်ခေါ်ထုတ်လာဖို့ ရက်အနည်းငယ်လောက် အချိန်းပေးရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းရေတပ်မတော်က တင်ထားတဲ့ ဗီဒီယိုမှာတော့ ပိန်ပိန်လှီလှီနဲ့ ဘောလုံးအင်္ကျီဝတ်ထားတဲ့ ကလေးတွေဟာ ရွံတွေဝန်းရံနေတဲ့ ကုန်းမြင့်တစ်ခုပေါ်မှာ အတူတူစုစုစည်းစည်းနဲ့ ကျန်းကျန်းမာမာ ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးတွေကို ရှာဖွေဖို့ အခြားအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှရေငုတ်သမားတွေက သူတို့ကို အရင်းဆုံးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရေငုတ်သမားတွေက “အရမ်းတော်တယ်” လို့ တစ်ခွန်းထဲပြောနိုင်ပြီး ဘယ်နှစ်ယောက်ရှိလဲလို့ မေးလိုက်စဉ်မှာ သူတို့က ၁၃ ယောက်လို့ ပြန်ဖြေခဲ့ပါတယ်၊ မှောင်မဲနေတဲ့ ဂူထဲမှာ ဓာတ်မီးအလင်းရောင်နဲ့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။

တစ်ခြားအဖွဲ့တွေအများကြီးလည်း မင်းတို့ဆီလာနေကြတယ်၊ ငါတို့ကတော့ ပထမဆုံးပဲ” ဟု ကလေးတွေကို အသိပေးခဲ့သလို “မင်းတို့ဒီထဲမှာ ပိတ်မိနေတာ ၁၀ ရက်တောင်ရှိပြီ တော်တော်စိတ်ဓာတ်ကြံခိုင်တာပဲ” လို့လည်း အားပေးခဲ့ပါတယ်။

လှိုဏ်ဂူရဲ့အပြင်မှာတော့ မိဘတွေက အရမ်းကိုပျော်ရွှင်နေကြသလို နိုင်ငံတစ်ကာ သတင်းမီဒီယာသမားများကလည်း စောင့်ကြိုနေပါတယ်။

ဒီနေ့နံနက်ပိုင်းမှာတော့ ရာသီဥတုအခြေအနေကောင်းမွန်နေပြီး ရေလည်း တဖြည်းဖြည်းကျလာနေပါတယ်။ ဘုန်းတော်ကြီးတွေကလည်း လှိုဏ်ဂူကြီးရဲ့အပြင်ဖက်မှာ ဂုဏ်တော်များရွတ်ဖတ်ကာ အန္တရာယ်ကင်းအောင် ဆုတောင်းပေးနေကြပါတယ်။

ထမ်လောင်းဂူဟာ ၁၀ ကီလိုမီတာလောက်ရှည်လျားပြီး ထိုင်းငံထဲက အရှည်လျားဆုံး လှိုဏ်ဂူတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တည်နေရာကို ထောက်လှမ်းရတာအခက်ခဲဆုံးလဲဖြစ်ပြီး ဂူထဲမှာ အလွန်ကျဉ်းမြောင်းရှုပ်ထွေးတဲ့ လမ်းကြောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။

လှိုဏ်ဂူရဲ့အပြင်မှာတော့ မိုးတွင်းကာလဖြစ်တဲ့ ဇူလိုင်ကနေ နိုဝင်ဘာအတွင်း လှိုဏ်ဂူထဲမဝင်ကြဖို့ တားမြစ်ဆိုင်းဘုတ်ထောင်တားပါတယ်။

Ref:CNA
 


03 Jul 2018     1,547 Views




RELATED

Most Popular of International News

Most Popular of NEWS