BEC-TERO TV

ဂျီဟတ်လုပ်ရန် ISIS နဲ့ပူးပေါင်းခဲ့သူ အင်္ဂလန်နိုင်ငံသားများကို အီရတ် ကြိုးမိန့်ချမှတ်

03 Jul 2018     1,379 Views


အစ္စလာမ်မစ်နယ်မြေအတွက် ဂျီဟတ်ဆင်နွှဲရာတွင် ISIS အဖွဲ့များနဲ့ ပူးပေါင်းစစ်ဆင်ရန် အီရတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဗြိတိသျနိုင်ငံကူးလက်မှတ်ကိုင် (အင်္ဂလန်နိုင်ငံသား) များကို ဖမ်းဆီးရမိခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ် “ဟေဒါအယ် အဘာဒီ” က သေဒဏ်ချရန် ညွန်ကြားခဲ့သည်။

စစ်ပွဲမှာဖမ်းဆီးရမိခဲ့သော အကြမ်းဖက်သမားများထဲမှ အချို့ဟာ ယူကေနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး သူတို့ဟာ တရားစီရင်မှုခံယူရန် စောင့်စားနေကြောင်း တရားသူကြီးက ပြောကြားခဲ့သလို ယခုလိုသေဒဏ်စီရင်ခြင်းဖြင့် ဗြိတိန်အတွက် အကြမ်းဖက်တိုက်ခိုက်မှု ရန်ကလည်း ကာကွယ်ပေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

IS အဖွဲ့က ဓားစာခံ ၈ ဦးကို သတ်ဖြတ်လိုက်ပြီးတဲ့နောက် ဝန်ကြီးချုပ် “ဟေဒါအယ် အဘာဒီ” က အကြမ်းဖက်သမားတွေကို ချက်ချင်းသေဒဏ်စီရင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ နာရီအနည်းငယ်အတွင်းမှာပဲ အကြမ်းဖက်သမား ၁၃ ဦးကို ကွပ်မျက်ခဲ့ပါတယ်။

ဘက်ဂဒက်မြို့တော်တရားရုံးက IS အဖွဲ့နဲ့ပက်သက်ပြီး ရာနဲ့ချီတဲ့ အမှုတွေကို သေဒဏ်စီရင်ခဲ့တယ်လို့ အမြင့်ဆုံးတရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက မစ္စတာဘာရက်ဒါ က ပြောကြားခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူအချို့ကိုလည်း သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနဲ့စပ်လျဉ်းပြီး လန်ဒန်ရှိ နိုင်ငံခြားရေးရုံးက မသိရှိကြောင်း ပြောဆိုခဲ့သည်။ IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ အင်္ဂလန်နိုင်ငံသားတွေဟာ သေဖို့သာထိုက်တန်ပြီး မဟုတ်ပါက တစ်ဖြည်းဖြည်းအင်အားကြီးလာကာ အင်္ဂလန်နိုင်ငံကိုပါ ထိခိုက်လာနိုင်ကြောင်း မစ္စတာဘာရက်ဒါ က ပြောဆိုခဲ့သည်။

“ဗြိတိန်မှာရှိနေတဲ့ ရာနဲ့ချီတဲ့ လူတွေဟာ အခုလိုအပြစ်မျိုးကျူးလွန်ဖို့ အစီစဉ်ရှိနေတာကို ကျွန်တော်သိနေပါတယ်၊ ဒါကြောင့်မို့ အီရတ်အနေနဲ့ အခုလို စီရင်မှုတွေ လုပ်ပြလိုက်မှ သူတို့ရဲ့ အတွေးတွေကို သေသေချာချာပြန်လည် သုံးသပ်ကြမှာပါ” လို့ ဆက်လက်ပြောဆိုပါတယ်။

အင်္ဂလန်နိုင်ငံသား ၈၅၀ လောက်ဟာ အီရတ်နဲ့ ဆီးရီးယားတို့ကို ဂျီဟတ်စစ်ပွဲဆင်နွှဲရန် IS အဖွဲ့နဲ့ပူးပေါင်းဖို့ ထွက်ခွာသွားကြပြီး၊ အင်္ဂလန်နိုင်ငံထဲမှာတော့ ဒီလိုလိုက်လုပ်ဖို့ စီစဉ်နေသူ ရာနဲ့ချီရှိနေပါတယ်။

နိုင်ငံခြားရေးဌါနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျွန်တော်တို့ရဲ့လမ်းစဉ်အရတော့ အကြမ်းဖက်တိုက်ခိုက်သူတွေဟာ သူတို့အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အရပ်ဒေသကပဲ ဖမ်းဆီးထိန်းသိမ်းထားတာမျိုးပဲ ဖြစ်သင့်ပါတယ်၊ ကျွန်တော်တို့ကတော့ သေဒဏ်ပေးတဲ့ ဘယ်လိုအမှုမျိုးကိုမဆို ဆန့်ကျင်သွားမှာပါ” လို့ဆိုပါတယ်။


03 Jul 2018     1,379 Views




RELATED

Most Popular of International News

Most Popular of NEWS