BEC-TERO TV

အင်ဒိုနီးရှားကူးတို့သင်္ဘောနစ်မြုတ် အနည်းဆုံး လူ ၃၄ ဦးသေဆုံး

05 Jul 2018     1,329 Views


ဇူလိုင်လ ၃ ရက် အင်္ဂါနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကူးတို့သင်္ဘော နစ်မြုတ်မှုကြောင့် အနည်းဆုံး လူ ၃၄ ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာက အတည်ပြုပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဆူလာဝေစီတောင်ပိုင်းပြည်နယ်အတွင်း ခရီးသည်တင် ကူးတို့သင်္ဘောဟာ အင်္ဂါနေ့က စလေယာကျွန်းအနီးမှာ နစ်မြုတ်ခဲ့တာဖြစ်ပါတယ်။
ကူးတို့သင်္ဘောနစ်မြုတ်ချိန်မှာ ခရီးသည် ၁၈၉ ဦး၊ လူစီးကားများ၊ ဘတ်စ်ကားများ၊ ကုန်တင်ကားများ တင်ဆောင်လာခဲ့ပြီး ဝန်ပိုတင်ဆောင်မှုကြောင့် နစ်မြုတ်ခဲ့ရခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနူဂရိုဟို က လူပေါင်း ၁၁၅ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ သင်္ဘောရဲ့ ကမ်းကပ်တဲ့အပိုင်းမှာ ရေယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် မြန်မြန်ဆန်ဆန်ပဲ ပင်လယ်ထဲမှာ နစ်မြုတ်ခဲ့ရတာဖြစ်ပါတယ်။

သင်္ဘောထဲ ရေတွေစတင်စိမ့်ဝင်လာချိန်မှာ သင်္ဘောကတ်ပတိန်က အနီးဆုံးကမ်းကို ကပ်နိုင်ရန် တတ်နိုင်သလောက် အသက်ကယ်တင်နိုင်ဖို့ စလေယာကျွန်းဘက်ကို ဦးလှည့်မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။

ရာသီဥတုအခြေအနေဆိုးရွားခဲ့တဲ့ အခြေအနေကြားမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အတော်ကြီးကြိုးစားကယ်တင်ခဲ့ရပါတယ်။ လှေငယ်လေးတွေ၊ ငါးဖမ်းစက်လှေတွေနဲ့ ကူးတို့သင်္ဘောပေါ်က လူတွေကို ကြိုးစားပြီး ကယ်တင်ခဲ့ကြပါတယ်။

ယခုနစ်မြုတ်ခဲ့တဲ့ ဖြစ်စဉ်မတိုင်မီ နှစ်ပတ်ခန့်ကပဲ ဆူမားဆရားရှိ ဗော်လကန်းနစ်ကန်ကြီးထဲမှာ ကူးတို့သင်္ဘောတစ်စင်း နစ်မြုတ်ခဲ့သေးကြောင်း သိရှိရသည်။
 


05 Jul 2018     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS