ရွှေဆိုင်ပိုင်ရှင်တွေကို မျက်လှည့်ပြပြီး ရွှေခိုးယူနေတဲ့ ဘွားတော်
09 Jul 2018 2,209 Views

တစ်လောက ရွှေဆိုင်တွေမှာ တို့ဆေးနဲ့ ရွှေခိုးတဲ့ ‘တို့ဆေးဘုရင်မ’ ကတော့ အဖမ်းခံလိုက်ရပါပြီ ဒီတစ်ခါကျတော့ မျက်လှည့်အတတ်နဲ့ ရွှေဆိုင်အတော်များများကို ဝင်ရောက်ပြီး ရွှေများခိုးယူနေတဲ့ ဘွားတော်တစ်ဦးရဲ့ စီစီတီဗီရုပ်သံ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့ပြန်ပါတယ်။
ဘွားတော်ရဲ့ မျက်လှည့်အစွမ်းကတော့ Myanmar’s Got Talent မှာ သွားပြိုင်မယ်ဆိုရင်တောင် Winner တစ်ယောက် ဖြစ်နိုင်လောက်ပါတယ်။
ရွှေဆိုင်တွေမှာ ဘယ်လိုမျက်လှည့်အစွမ်းတွေပြပြီး ဆိုင်ရှင်တွေရှေ့မှာ ပေါ်တင်ခိုးယူသလဲဆိုတာ ရုပ်သံမှာ ကြည့်ရှုပြီး သက်ဆိုင်ရာကလည်း အမြန်ဆုံး အရေးယူဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။







