BEC-TERO TV

တူရကီတွင် ရထားလမ်းချော်တိမ်းမှောက် အနည်းဆုံး ၁၀ ဦးသေ ၇၀ ကျော်ဒဏ်ရာရ

09 Jul 2018     1,677 Views


ဇူလိုင် ၈ ရက်နေ့က တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရထားတိမ်းမှောက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ခရီးသည် ၃၆၂ ဦးတင်ဆောင်ခဲ့ပြီး အစ္စတန်ဘူလ် သို့ ထွက်ခွာလာစဉ် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဂရိနိုင်ငံ နယ်စပ်အနီးတွင် ရထားတွဲ ၅ တွဲ သံလမ်းချော်ကာ တိမ်းမှောက်ခဲ့ရကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်။

လူသေဆုံးမှုများဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုမှာ လိုက်ပါလာခဲ့သူ ခရီးသည်အမျိုးသမီးက သူစီးလာသော တွဲမှာ လမ်းချော်ခဲ့ပြီး မျက်စိရှေ့တွင် ဆိုးရွားစွာခရီးသည်များ သေဆုံးခဲ့ရတာကို သွေးပျက်ဖွယ်တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

ရာသီဥတုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး ဒဏ်ရာရမှုတွေရှိတကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 


09 Jul 2018     1,677 Views




RELATED

Most Popular of International News

Most Popular of NEWS