BEC-TERO TV

အေးမြတ်သူရဲ့စိန်ခေါ်မှုကိုလက်ခံကာ ပြန်လည်ကပြလိုက်တဲ့ ကောင်းထက်ဇော်

09 Jul 2018     4,131 Views


ရုပ်သံလိုင်းတစ်ခုရဲ့ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်က ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူရဲ့ စိန်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။ အေးမြတ်သူရဲ့ ခရီးသွားပို့စ်တွေထဲက ပုံလှလှလေးတစ်ပုံကို ဟဟ (Ha Ha reaction) ပေးခဲ့တာကြောင့် စိန်ခေါ်ခံလိုက်ရခြင်းဖြစ်ပါတယ်။

ကောင်းထက်ဇော်အတွက် အေးမြတ်သူရဲ့စိန်ခေါ်မှုကတော့ သူမက သီချင်းလေးတစ်ပုဒ်နဲ့ ချစ်စရာကောင်းအောင်ကပြခဲ့ကာ သူမထက်ပိုလှပြီး၊ ပိုမိုက်တဲ့ ကကွက်တွေနဲ့ ကပြဖို့ပဲဖြစ်ပါတယ်။ ထိုသီချင်းလေးကို ကောင်းထက်ဇော်အပါအ၀င် ကောင်းထက်ဇော်ရဲ့ Fan များနဲ့ သူမရဲ့ Fan များလဲ လိုက်ကနိုင်ကြောင်း ဖိတ်ခေါ်ထားပါသေးတယ်။

ကောင်းထက်ဇော်က သူရဲ့လုမှုကွန်ယက်ပေါ်မှာ Fan တွေသာ လိုက်ကပေးမယ်ဆိုရင် ကမယ်ဆိုပြီး ပြောထားခဲ့ပါသေးတယ်။ ကောင်းထက်ဇော်ကတော့ အေးမြတ်သူရဲ့စိန်ခေါ်မှုကို လက်ခံကာ ချစ်ရတဲ့ Fan တွေနဲ့အတူတူ ပြန်လည်ကပြလိုက်ပါတယ်။ အေးမြတ်သူနဲ့ ကောင်းထက်ဇော်တို့ကထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း အေးမြတ်သူနဲ့ ကောင်းထက်ဇော် ဘယ်သူကတာ ပိုလှလဲဆိုတာ ဗီဒီယိုလေးကြည့်ပြီး ဆုံးဖြတ်ပေးသွားပါဦးနော်…..

 

 


09 Jul 2018     4,131 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment