BEC-TERO TV

သိန်းပေါင်း ၁၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မိုးမောက်မြို့ တွင်ဖမ်းဆီးရမိ

11 Jul 2018     1,602 Views


ဇူလိုင်လ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က ကချင်ပြည်နယ် မိုးမောက်မြို့ တွင် စက်ပျက်၍ ဆွဲယူလာသည့် မော်တော်ယာဉ်အတွင်းမှ သိန်း ၁၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ကျောက်စခန်းတွင် အသွားအလာယာဉ်များကိုစစ်ဆေးနေစဉ် လွယ်ဂျယ်မြို့ ဘက်မှ အငှားယာဉ်ဖြင့်ဆွဲယူလာသည့် MDY-2C/7027 ကိုရိုလာခဲ​ရောင်​ယာဉ်​အားစစ်ဆေးရာ ယာဉ်၏ ဒက်ရှ်ဘုတ်အံဝှက်အတွင်း အထုပ် (  ၄၄၀ ) ဖြင့် တံဆိပ်မပါပန်းရောင်စိတ်ကြွ ဆေးပြား စုစုပေါင်း ၇၆၀၀၀ ပြား ( ဒေသပေါက်ဈေး ၁၅၂၀၀၀၀၀၀ ကျပ် ) အား ကောင်းစတီးကျေးရွာ ၊ ပန်ဆိုင်း ( ကြူကုတ် ) မြို့ နယ်မှ သယ်ဆောင်လာခဲ့သည် ဟုသိရသည် ။
 
 
မူးယစ်ဆေးဝါးများကို ဂျာဖာနှင့်ကော့ရှောင်က မြန်မာ-တရုတ်နယ်စပ်မြို့ ဖြစ်သည့် လွယ်ဂျယ်လမ်းကြောင်းအတိုင်း မောင်းနှင်လာစဉ် လမ်းခရီး၌ စက်ပျက်သွားသဖြင့် အခြားမော်တော်ယာဉ်အား ငှားရမ်း၍ ဆွဲယူလာပြီး ဗန်းမော်မြို့ သို့လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုး​မောက်​မြို့မရဲစခန်းကမယ(ပ)၁၉/၂၀၁၈ မူးစိတ်​ပုဒ်​မ ၁၉(က)/၂၁ ဖြင့်​ အ​ရေးယူ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

11 Jul 2018     1,602 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS