BEC-TERO TV

လှိုင်းကြီးမှုကြောင့် ကုန်သေတ္တာတင်သင်္ဘောမှ ကွန်တိန်နားများ ပင်လဲထဲပြုတ်ကျ

12 Jul 2018     1,311 Views


ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကုန်သေတ္တာတင်သင်္ဘောတစ်စင်း လှိုင်းလုံးကြီးများ ရိုက်ပုတ်ဒဏ်ခံရပြီး တင်ဆောင်လာသော ကွန်တိန်နာပုံးအချို့ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သော ဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံတောင်ပိုင်း သရမ်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည်။

လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် သင်္ဘောပေါ်တွင် လျှပ်စစ်ဓါတ်အားများ ပြတ်တောက်သွားကြောင်း၊ သင်္ဘောမှာ အထိမ်းအကွပ်မရှိပဲ ပင်လယ်ထဲ မျောပါနေကြောင်း NP Lovegistics 2 သင်္ဘောမှ အရေးပေါ်သတင်းပေးပို့ခဲ့သဖြင့် သရမ်ရေကြောင်းရဲ အဖွဲ့မှ ကင်းလှည့်ရေယာဉ်ဖြင့် စစ်ဆေးရန် သွားရောက်ခဲ့သည်။

ကင်းလှည့်ရေယာဉ် သင်္ဘောဆီသို့ သွားနေချိန်တွင် လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်ကြောင်း သို့သော် ကွန်တိန်နာ ​၁၇ လုံး ပင်လ်ာထဲသို့ ပြုတ်ကျသွားကြောင်း အဆိုပါသင်္ဘောမှ ထပ်မံသတင်းရရှိခဲ့သည်။
ရေကြောင်းရဲက သင်္ဘောကတ်ပတိန်ကို အနီးစပ်ဆုံး သရမ်ဆိပ်ခံသို့ ဆိုက်ကပ်ရန် ညွှန်ကြားခဲ့သည်။

ပြုတ်ကျခဲ့သော ကွန်တိန်နာများအား ပြန်လည်ဆယ်ယူရန် ကြိုးပမ်းလျှက်ရှိပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သရမ်ဆိပ်ကမ်းအရာရှိက ပြောကြားခဲ့သည်။
 


12 Jul 2018     1,311 Views




RELATED

Most Popular of International News

Most Popular of NEWS