ဓါတုပစ္စည်းစက်ရုံ မီးလောင်မှုကြောင့် ၁၉ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
13 Jul 2018 1,549 Views

တရုပ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ဓာတုဗေဒပစ္စည်းစက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၉ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။
စက်မှုဇုံထဲတွင် တည်ရှိသော Yibin Hengda Technology စက်ရုံဟာ ကြာသာပတေးနေ့ ညနေပိုင်းက ပေါက်ကွဲခဲ့ပြီး ဖြစ်ရသည့်အကြောင်းရင်ကိုမူ မသိရှိရသေးကြောင်း သက်ဆိုင်ရာက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တရုပ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော စက်ရုံမီးလောင်းကျွမ်းနေသည့် ဓါတ်ပုံများအရ မီးခိုးလုံးကြီးများနဲ့ ရဲရဲတောက်နေတဲ့ မီးတောက်ကြီးများကို မြင်တွေ့ခဲ့ရသည်။ တရုပ်အနေနဲ့ စက်ရုံများရဲ့ ဘေးအန္တရာယ်လုံခြုံရေးကို စစ်ဆေးမှုလုပ်ဆောင်ချက်တွေ ပျက်ကွက်နေခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ကလည်း တိုင်ဂျင်း ဆိပ်ကမ်းမြို့မှာရှိတဲ့ ဓာတုဗေဒပစ္စည်းသိုလှောင်ရုံ ပေါက်ကြွမှုကြောင့် လူ ၁၆၅ ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရှန်ဒေါင်းပြည်နယ် ပေါက်ကြွမှုဖြစ်စဉ်မှာလည်း ၈ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။