BEC-TERO TV

အမျိုးသမီးတစ်ဦး အုပ်စုလိုက်အဓ္ဓမပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခံရ

16 Jul 2018     1,260 Views


အိန္ဒိယနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အမျိုးသား ၅ ဦးက အုပ်စုလိုက် အဓ္ဓမပြုကျင့်ကာ မီးရှို့သတ်ဖြတ်ခဲ့မှုတစ်ခုအတွက် ကျူးလွန်သူများကို ရဲက ရှာဖွေလျှက်ရှိသည်။

ဇူလိုင်လ ၁၄ ရက် စနေနေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆမ်ဘာမြို့ရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းသို့ အမျိုးသား ၅ ဦး တရကြမ်းဝင်ရောက်ခဲ့သည်။ ထို့နောက် အမျိုးသမီးကို အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့ကြကာ မီးရှို့သတ်ဖြတ်ပြီး အနီးနားရှိ ဘုရာရှိခိုးကျောင်းအနီး စွန့်ပစ်ခဲ့ကြကြောင်း ရက်ဂ်ျပူရာ ရဲစခန်းမှ စစ်ဆေးရေးအရာရှိ ဗာရန်ကူးမားက ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နေ့စဉ် မုဒိန်းမှုပေါင်း ၁၀၀ ကျော် တိုင်ကြားမှုများ ရှိနေသည်။ လက်တစ်လောတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရဲ့ ပါတီမှ အုပ်ချုပ်နေသော ပြည်နယ်နှစ်ခုအတွင်း အသက် ၈ နှစ်အရွယ် မိန်းကလေးနဲ့ ဆယ်ကျော်သက်မိန်းကလေးတို့ အဓ္ဓမပြုကျင့်ခံရမှုအတွက် ပြည်သူများ ဆန္ဒပြလျှက်ရှိသည်။ အိန္ဒိယအစိုးရအနေနဲ့ အသက် ၁၂ နှစ်အောက် မုဒိန်းမှုများအတွက် သေဒဏ်ပေးရန်နှင့် ၁၆ နှစ်အောက် မုဒိန်းမှုအတွက် ပြစ်ဒဏ်ကို အမြင့်ဆုံးတိုးမြှင့်ပေးရန် တောင်းဆိုလျှက်ရှိသည်။

အိန္ဒိယနိုင်ငံ၏ ရာဇဝတ်မှုမှတ်တမ်းများအရ မုဒိန်းမှုမှာ ၂၀၁၂ ခုနှစ်ကစတင်ကာ ၆၀% နှုန်းတိုးမြင့်နေသော်လည်း ပြစ်ဒဏ်စီရင်မှုမှာတော့ အခြားပြစ်မှုများထက် ပိုမိုလျော့ကျနေကြောင်း တွေ့ရှိရသည်။

Ref:Reuters
 


16 Jul 2018     1,260 Views




RELATED

Most Popular of International News

Most Popular of NEWS