BEC-TERO TV

ပါဝါမျက်မှန် အနီးကြည့်နဲ့ အဝေးကြည့်တပ်ရသူ ဘယ်သူက ဉာဏ်ရည်သာလဲ..?

16 Jul 2018     2,229 Views


မျက်ဝန်းနှစ်ဆ ရှိသူများ တွေးခေါ်နိုင်စွမ်း အသိပညာ ဉာဏ်ရည်မှာလည်း နှစ်ဆသာကြောင်း သုတေသနပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ ဉာဏ်ရည်သာသူအများစုမှာ ပါဝါမျက်မှန်တပ်သူများဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
စကော့တလန်နိုင်ငံ အီဒင်ဘရာ့ချ်တက္ကသိုလ် (Edinburgh University) မှ သုတေသနပညာရှင်များက အသက် ၁၆ နှစ်မှ ၁၀၂ နှစ်ထိ အရွယ်စုံ ဥရောပနွယ်ဖွား လူပေါင်း ၃၀၀,၄၈၆ ကို မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ ပြန်လည်တုံ့ပြန်မှုနဲ့ အာရုံစိုက်မှု တို့ကို အခြေခံထားသည့် အတွေးခေါ်ဉာဏ်ရည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
စမ်းသပ်မှုရလာဒ်များအရ အမြင့်ဆုံးအမှတ် ရရှိသူအများစုမှာ ပါဝါမျက်မှန်တပ်ဆင်ရသူများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ပါဝါမျက်မှန်တပ်သူအားလုံးဟာ အမြင့်ဆုံး ရလာဒ်ရရှိသူကြများမဟုတ်ပဲ အဝေးမှုန် (အဝေးကြည့်ပါဝါ)တပ်ဆင်သူများကသာ ရမှတ်မြင့်ပြီး  အတွေးအခေါ် သာလွန်သူများဖြစ်ကာ အနီးကြည့်ပါဝါတပ်သူများက ရလာဒ်အမှတ် နိမ့်နေကြောင်း တွေ့ရှိရသည်။
 
မည်သို့ပင် ဆိုစေကာမူ ပါဝါမျက်မှန်တပ်ဆင်ရတာနဲ့ ဉာဏ်ရည်ဘာကြောင့် သာနေရတာလဲဆိုတဲ့ ပိုမိုတိကျသည့် အဖြေတစ်ခုကို ပေးနိုင်ဖို့ ပညာရှင်များအနေနဲ့ ဆက်လက်ရှာဖွေစူးစမ်းကြဖို့ လိုနေပါသေးတယ်။
 

16 Jul 2018     2,229 Views




RELATED

Most Popular of Health Fix

Most Popular of NEWS