BEC-TERO TV

ကမ္ဘာ့ပထမဦးဆုံး ရောင်စုံဓါတ်မှန်ရိုက်စက် တီထွင်နိုင်

16 Jul 2018     1,341 Views


နယူးဇီလန် သိပ္ပံပညာရှင်များက လူသာများအတွက် ကမ္ဘာ့ပထမဦးဆုံး သုံးဘက်မြင် ရောင်စုံဓါတ်မှန်ရိုက် နည်းပညာကို တီထွင်နိုင်ခဲ့ပြီး ဆေးကုသရေးမှာ ထိရောက်တဲ့ ရောဂါရှာဖွေ ကုသမှုတွေ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ဥရောပ ရူပဗေဒ နည်းပညာ ဓါတ်ခွဲခန်းတစ်ခုဖြစ်တဲ့ CERN က ပြောကြားလိုက်ပါတယ်။
 
အဆိုပါနည်းပညာသစ်ဟာ ယခင်အဖြူအမည်း ဓါတ်မှန်ရိုက်စက်နည်းပညာပေါ်မှာပဲ အခြေခံထားပြီး ပေါင်းစည်းခြင်းမရှိတဲ့ အစက်အပျောက်လေးများကို ခြေရာခံတဲ့စနစ်နဲ့ ပြုပြင် ဖန်တီးခဲ့တာဖြစ်ပြီး ဒီနည်းပညာကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ရာကနေ အဆင့်မြှင့် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
“ရောင်စုံ ဓါတ်မှန်နည်းပညာက ပိုပြတ်သား တိကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်လို့ ဆရာဝန်တွေအတွက် အများကြီး အထောက်အကူပြုသလို လူနာတွေအတွက်လည်း တိကျတဲ့ ကုသမှုမျိုးတွေ ရရှိမှာပါ” လို့ CERN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
CERN နည်းပညာက Mediapix လို့ အမည်ပေးထားပြီး ကင်မရာလိုပဲ အလုပ်လုပ်သွားမှာပါ၊ အလင်းတံခါး(ရှပ်တာ) ပွင့်တာနဲ့ အမှုံအမွှားလေးတွေကို ပစ်ဆယ်အစက်အပျောက် ပုံရိပ်တွေဖြစ်အောင် ဖမ်းယူသွားမှာဖြစ်ပါတယ်။
 
ဒီနည်းပညာဟာ အလင်းအမှောင်နဲ့ အရည်အသွေးမြင့် ပုံရိပ်တို့ကိုပါ ရိုက်ယူနိုင်ပါတယ်။
“ဒီပုံရိပ်ဖမ်းစက်ဟာ အခြားပုံရိပ်ဖမ်းစက်တွေ မလုပ်နိုင်တဲ့ တိကျပြီး ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းပေးနိုင်တယ်” လို့ စက်ကို နည်းပညာအဆင့်မြှင်တင်ပေးနေသူ ကန်တာဘူရီတက္ကသိုလ်မှ Phil Butler က ဆိုပါတယ်။
 
ပုံရိပ်တွေဟာ ပြတ်သားလွန်းပြီး ခန္ဓာကိုယ်ထဲက အရိုး၊ ကြွက်သား၊ အရိုးနု တွေကို ခွဲခြားသိမြင်နိုင်သလို ကင်ဆာအဖုအကျိတ်တွေရဲ့ အရွယ်အစားနဲ့ ဘယ်နေရာမှာဖြစ်နေတယ်ဆိုတာကအစ အတိအကျ မြင်တွေ့ရမှာဖြစ်ကြောင်း CERN က ပြောထားပါတယ်။
 
အဆိုပါနည်းပညာကို နယူးဇီလန် ကုမ္ပဏီ MARS Bioimaging က စီးပွားဖြစ် ထုတ်လုပ်သွားမည်ဖြစ်ပြီး အိုတာဂိုနဲ့ ကန်တာဘူရီ တက္ကသိုလ်တို့နဲ့ ချိပ်ဆက်ကာ နည်းပညာမြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
 
Ref:AFP
 

16 Jul 2018     1,341 Views




RELATED

Most Popular of Health Fix

Most Popular of NEWS