အာဇာနည်နေ့မှာ အကျည်းတန်စေခဲ့တဲ့ ဗန္ဓုလပန်းခြံထဲကရန်ပွဲ
20 Jul 2018 2,393 Views

ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံထဲမှာ အကျည်းတန်တဲ့ ရန်ပွဲတစ်ခုရဲ့ ပုံရိပ်ဗီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အကအဖွဲ့တစ်ဖွဲ့ သီချင်းသံနဲ့အတူ အုပ်စုလိုက် ကပြနေစဉ်မှာ ကြည့်နေတဲ့ ပရိသတ်တွေထဲက လူငယ်နှစ်ဦးက ဝင်ရောက်ပြီး ဆွဲလားရမ်းလား လုပ်ခဲ့တာကြောင့် ရန်ပွဲ စတင်ခဲ့ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းဇစ်မြစ်ကို မသိရှိရပေမယ့် မြန်မာတစ်နိုင်ငံလုံး အလေးအမြတ်ထားတဲ့ ဝမ်းနည်စရာနေ့ထူးနေ့မြတ်မှာ ရန်ကုန်မြို့လည် လွပ်လပ်ရေးကျောက်တိုင်ကြီး စိုက်ထူရာ မဟာဗန္ဓုလပန်းခြံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် အကျည်းတန်အရုပ်ဆိုးစေခဲ့ပါတယ်။
VideoCredit: NayGyi








