BEC-TERO TV

တောင်ကိုရီးယားသမ္မတဟောင်းကို ထောင်ဒဏ် ၈ နှစ်ထပ်မံချမှတ်

20 Jul 2018     1,608 Views


တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်းဖြစ်သူ ပတ်ဂွမ်ဟီ(Park Geun-hye) ကို အစိုးရ၏ ရံပုံငွေများ ဆုံးရှုံးအောင်လုပ်မှု၊ ၂၀၁၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်စွက်ဖက်ခဲ့မှုတွေရှိခဲ့တာကို တွေ့ရှိခဲ့ပြီး နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံကျခံစေရန် သေကြာနေ့(ယနေ့)တွင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အစိုးရရံပုံငွေ ကိုရီးယားဝမ် ဘီလီယံ ၃၀ ခန့်ကို သူမရဲ့လက်ထောက်ဖြစ်သူနဲ့အတူ လိမ်လည်လှည့်ဖျားအပါအဝင် အခြားသော အဂတိလိုက်စားမှုများနဲ့ သူမကို တရားစွဲဆိုဖမ်းဆီးခဲ့ပြီး ဆိုလ်းမြို့ဗဟိုတရားရုံးက ထောင်ဒဏ် ၂၄ နှစ် ကျခံစေရန် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ယခုနောက်ထပ်တစ်ဖန် ပါလီမန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု ရှိခဲ့ကြောင်း ထင်ရှားသဖြင့် နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
မစ္စပတ် ကတော့ သူမကိုဆွဲဆိုမှုတွေဟာ မှားယွင်းစွာ လုပ်ဆောင်တယ်လို့ ပြောဆိုပြီး တရားရုံးကို လာရောက်ခြင်းမရှိခဲ့ပါဘူး။ သူမဟာ လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်ကာ အကျပ်ကိုင်မှုတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
 


20 Jul 2018     1,608 Views




RELATED

Most Popular of International News

Most Popular of NEWS