BEC-TERO TV

တောမီးလောင်ရာမှ ကားလမ်းပိတ်မိပြီး အရှင်လတ်လတ်မီးလောင်ကျွမ်းကာ ၇၄ ဦး သေဆုံး

25 Jul 2018     2,249 Views


ဂရိနိုင်ငံ အေသင်မြို့အနီး လောင်ကျွမ်းခဲ့သော တောမီးကြောင့် ကားလမ်းမပေါ်တွင် ပိတ်မိနေသော နိုင်ငံခြားခရီးသွားဧည့်သည်များအပါအဝင် လူ ၇၄ ဦး အရှင်လတ်လတ်မီးလောင်ကျွမ်းသေဆုံးခဲ့ရသည်။ အဆိုပါဖြစ်စဉ်ဟာ တောမီးကြောင့် လူသေဆုံးမှု အဆိုးရွားဆုံးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

တောမီး၏အရှိန်မှာ တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် လောင်ကျွမ်းခံပြီး အပူရှိန်မှာ ၁၀၄ ဒီဂရီဖာရင်ဟိုက်ထိ မြင့်မားစွာ ပူလောင်ခဲ့သဖြင့် အဆိုပါနေရာအနီးရှိ ရွာမှအိမ်ခြေပေါင်း ထောင်နဲ့ချီ မီးလောင်ကျွမ်းကာ ခရီးသွားဧည်သည်များနဲ့ ဒေသခံ ရာပေါင်းများစွာဟာ ကမ်းခြေဘက်သို့ ပြေးထွက်ခဲ့ကြပါတယ်။ အချို့ကတော့ ကားလမ်းမပေါ်က ကားထဲမှာ လမ်းပိတ်မိနေခဲ့ပြီး တောမီးမလွတ်ပဲ ဝါးမြိုလောင်ကျွမ်းခံခဲ့ရပါတယ်။

မီးလောင်ကျွမ်း သေဆုံးသူ ၇၄ ဦးထဲတွင် ၂၆ ဦးမှာ မိသားစုများ ဖြစ်ဟန်တူပြီး တောမီးမလွတ်တော့မှန်းသိတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ဖက်ထားကာ သေဆုံးခဲ့ကြကြောင်း ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။

အနီးနားရှိ ဟိုတယ်မှ ဧည့်သည်များကို ကယ်ဆယ်တင်ဆောင်လာသော လှေတစ်စင်းမှာလည်း လှိုင်းကြီးမှုကြောင့် ပက်လက်လှန်နစ်မြုတ်သွားခဲ့ပြီး ပိုလန်နိုင်ငံမှ သားအမိနှစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါ တောမီးဟာ ဆယ်စုနှစ်အတွင်းအဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ပြီး သေဆုံးသူများထဲတွင် အသက်အငယ်ဆုံးမှာ ၆ လသားကလေးငယ်ဖြစ်ပြီး မီးခိုးမွှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
မီးလွတ်ရာအရပ်မှာ အနီးနားရှိ ကမ်းခြေ ထွက်ပေါက်တစ်ခုသာရှိပြီး ရာနဲ့ချီသော နိုင်ငံခြားခရီးသွားဧည့်သည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။
 


25 Jul 2018     2,249 Views




RELATED

Most Popular of International News

Most Popular of NEWS