BEC-TERO TV

လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်ကားပေါ်၌ ပိတောက်သစ်များဖမ်းဆီးရမိ

25 Jul 2018     1,790 Views


ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ခရီးသည်တင်ယာဉ် နှစ်စီးမှ သယ်ဆောင်လာသော သစ်များကို လားရှိးမြို့ အိုရီယမ်တယ်တိုးဂိတ်၌ ဖမ်းမိခဲ့သည် ဟုသိရသည် ။
 
 
ဖြစ်စဉ်မှာ မန္တလေး - မူဆယ် လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ များက ထုံးစံအတိုင်း စစ်ဆေးနေစဉ် မောင်းလာသော ခရီးသည်တင်ယာဉ်နှစ်စီးကို မင်္သကာသဖြင့် စစ်ဆေးကြည့်ရာ တရားမဝင် ပိတောက်သစ်များ စစ်ဆေးတွေ့ ရှိရပြီး လက်ရှိတွင် ယာဉ်များနှင့် ယာဉ်မောင်း(၂)ဦးကို ထိန်းသိမ်းထားကြောင်း သိရသည်။
 
 
“ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုတော့ သူတို့ဆက်သွားမယ့်ခရီးကို အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါတယ်။ ယာဉ်တစ်စီးစီကနေ ယာဉ်မောင်းတစ်ဦးစီကို ထိန်းသိမ်းထားပါတယ်။ သစ်တွေကတော့ ခက်ခက်ခဲခဲ ထုတ်နေရပါတယ်။ လက်ရှိအချိန်ထိ တစ်စီးပဲထုတ်နိုင်သေးတယ်။ အံဝှက်တွေကို အသေပိတ်ထားလို့ စက်နဲ့ဖြတ်ပြီး ထုတ်နေရတယ်” ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
လက်ရှိတွင် ယာဉ်တစ်စီးပေါ်မှ ပိတောက်ဓားရွေခွဲသား (၁၄၇) ချောင်း အလေးချိန်( ၃.၂၁၅၂) တန်ကို စစ်ဆေးတွေ့ရှိထားပြီး ယာဉ်မောင်း (၂)ဦးအား လားရှိုးအမှတ်(၂) နယ်မြေရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆ (၁) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

25 Jul 2018     1,790 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS