အမျိုးသမီးကြီး၏ ကျောက်ကပ်ထဲမှ ကျောက်အလုံးပေါင်း ၃၀၀၀ နီးပါးထွက်လာ
25 Jul 2018 1,783 Views

တရုပ်နိုင်ငံမှ အသက် ၅၆ နှစ်အရွယ် “ကျန်း” ဟုအမည်ရသူ အမျိုးသမီးကြီးသည် ခါးနားဝေဒနာနှင့် နားဖျားခြင်းကို အလူးအလဲခံစားခဲ့ရသဖြင့် ချန်ကျိုးပြည်နယ်ရှိ ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။
ဆရာဝန်များက စစ်ဆေးခဲ့ပြီးနောက် သူမ၏ ကျောက်ကပ်တွင် ကျောက်များနဲ့ ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ကုသရန်အတွက် အခြားရွေးချယ်စရာနည်းလမ်းမရှိပဲ ကျောက်ကပ်မှ ကျောက်များအားလုံးကို ခွဲထုတ်ရမည့်အခြေအနေသာဖြစ်ခဲ့သည်။
ကျောက်ကပ်ကို ခွဲစိတ်ပြီးနောက် ထွက်လာသော ကျောက်များကို ရေတွက်ကြည့်ခဲ့ရာ ၂,၉၈၀ လုံးတိတိ ရရှိခဲ့သည်။ တရုပ်နိုင်ငံအနေနဲ့ ကျောက်ကပ်ထဲမှ ရရှိသော ကျောက်အရေအတွက်အများဆုံးလူ အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ကိုတော့ မမီခဲ့ပါဘူး။

ကမ္ဘာ့ဂင်းနစ်စံချိန်အရ ကျောက်ကပ်ထဲမှ အများဆုံးကျောက်အရေအတွက် ရရှိသူမှာ အိန္ဒိယနိုင်ငံက ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ကျောက်အလုံးပေါင်း ၁၇၂,၁၅၅ နဲ့ စံချိန်တင်ထားတာဖြစ်ပါတယ်။







