၂၀၁၈ ခုနှစ် အကောင်းဆုံးဆုရ ဒရုန်းဓါတ်ပုံများ
26 Jul 2018 1,538 Views
မိုးကောင်းကင်ထက်ကနေ အလွန်မြင်ရခဲလှတဲ့ သဘာဝအလှတရားပုံရိပ်များကို ရိုက်ကူးပုံဖော်ထားတဲ့ ဒရုန်းဓါတ်ပုံပြိုင်ပွဲ ၂၀၁၈ ရဲ့ အကောင်းဆုံး ဆုရဓါတ်ပုံများကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် အမြင့်ဆုံး ဒရုန်းဓါတ်ပုံဆုကို ပြင်သစ်နိုင်ငံမှ Florian Ledoux ကရရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံမြောက်ပိုင်း Nunavut ဒေသက ရေခဲပြင်ပေါ်မှာ ပိုလာဝက်ဝံတစ်ကောင် ရေခဲပြင်တစ်ခုကနေ တစ်ခုကို ကူးနေတဲ့ ပုံရိပ်ကို အမိအရဖမ်းယူနိုင်ခဲ့ပြီး အဆိုပါ ဓါတ်ပုံနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။
ဒရုန်းဓါတ်ပုံပြိုင်ပွဲမှာ သဘာဝတရား၊ လူ့နေမှုဘဝ၊ အားကစား၊ တောရိုင်းသဘာဝ အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးဆုရရှိခဲ့ကြတဲ့ ဓါတ်ပုံများကို တင်ဆက်ပေးလိုက်ပါတယ်။