BEC-TERO TV

ငယ်ချစ်ကို အနမ်းခြွေခဲ့မိလို့ ခင်ပွန်းကိုတောင်းပန်စကားဆိုလိုက်တဲ့ စမိုင်း(လ်)

26 Jul 2018     2,139 Views


တစ်ချိန်က မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ့် စမိုင်း(လ်)ဟာ လက်ရှိမှာတော့ အလိုလိုက်ဂရုစိုက်ပြီး ချစ်တတ်လွန်းတဲ့ ခင်ပွန်းသည်နဲ့အတူ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာမိသားစုနဲ့အတူ ဥရောပကို ရက်ရှည်အပန်းဖြေခရီးထွက်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဘောလုံးအားကစားဝါသနာရှင်တိုင်း အသည်းစွဲကြိုက်နှစ်သက်ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကြီးရှိရာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ရောက်ရှိလို့နေပါတယ်…

မန်ချက်စတာမြို့မှာလည်ပတ်ရင်း သူမငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့တယ့် ဒေးဗစ်ဘက်ခမ်းရဲ့ ပိုစတာကိုတွေ့လိုက်တဲ့အခါမှာတော့ ငယ်ချစ်မို့အနမ်းခြွေခဲ့မိတဲ့တာကြောင့်  ခွင့်လွှတ်ပါမောင် ဆိုပြီး သူမခင်ပွန်းကို အပြောင်အပျက်လေးစနောက်ထားကာ မန်ချက်စတာမြို့မှာလည်ပတ်နေတဲ့ပုံတွေကို လူမှုကွန်ယက်ကနေမျှဝေထားပါတယ်...

“ဒီဇိုင်းဘာညာကာလာအနေအထားကတော့ လူဒိုင်း လူဒိုင်းခိုက်တဲ့မန်ယူမှာဆိုတော့ အဟဲ… ကိုယ့်ငယ်ချစ်ကိုအနမ်းခြွေခဲ့မိတယ်မောင်ရယ်ခွင့်လွှတ်ပါလို့ အဲလယ် ” ဆိုပြီး စနောက်ကာ ရေးသားထားတာဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေကြတဲ့ စမိုင်း(လ်)ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်….

 

 

 


26 Jul 2018     2,139 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment