BEC-TERO TV

မျိုးရိုးမတူသူနဲ့ လက်ထပ်ဖို့ကြိုးစားတဲ့သမီးကို ဖခင်ကိုယ်တိုင် မီးရှို့သတ်

26 Jul 2018     1,589 Views


မျိုးရိုးခြင်း(ဇတ်)မတူသူ အမျိုးသားနဲ့ လက်ထပ်ရန် ကြိုးစားခဲ့သည့် အသက် ၁၉ နှစ်အရွယ် သမီးကို ရေနံဆီလောင်းကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ဖခင်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သွေးပျက်စရာကောင်းခဲ့တဲ့ အဆိုပါအဖြစ်ပျက်ဟာ အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ် ပြည်နယ်ရှိ ချိန်ပြာဆာကာရွာလေးမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသခံသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၁၉ နှစ်အရွယ် လက်ခ်ျမီးဘီ ဆိုသူအမျိုးသမီးငယ်ဟာ သူမရဲ့ချစ်သူ ရက်ဂ်ျကူးမားနဲ့ လိုက်ပြေးပြီး လက်ထပ်ဖို့ ကြိုးစားခဲ့ပါတယ်။

သူတို့ချစ်သူနှစ်ဦး လက်ထပ်ဖို့ တရားရုံးကို သွားခဲ့ပြီး သူမဟာအသက်ပြည့်ကြောင်း ပြသဖို့ အထောက်အထားစာရွက်ကို အိမ်ပြန်ယူချိန်မှာ ဖခင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဆန်ဒါလယ်ရန်ဒယ် က သွားခွင့်မပြုပဲ သမီးဖြစ်သူကို အိမ်နောက်ဖက်ကို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပါတယ်။

မိန်းကလေး၏ ရည်းစားဖြစ်သူ ရက်ဂ်ျကူးမား

ဖခင်ဖြစ်သူဟာ မျိုးရိုးခြင်းမတူတဲ့ လူငယ်နဲ့ သမီးဖြစ်သူ လက်ထပ်မှာကို လုံးဝခွင့်မပြုနိုင်ပဲ လက်ခ်ျမီးကို ရေနံဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့ခဲ့ပါတယ်။ မီးကျွမ်းလောင်နေတဲ့ လက်ခ်ျမီးရဲ့ နာကျင်စူးဝါးစွာ အော်ဟစ်သံကြောင့် အိမ်နီးခြင်းတွေ သိရှိသွာခဲ့ကြပေမယ့် လက်ခ်ျမီးကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။

မီးရှို့ခဲ့သည့်နေရာ

ရဲများက ဖခင်ဖြစ်သူ ဆန်ဒါလယ်ရန်ဒယ် ကို လူသတ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ထိမ်းမြားလက်ထပ်မှုတွေမှာ ရိုးရာဓလေ့ထုံးစံ ဇာတ်နိမ့်၊ ဇာတ်မြင့်တွေ ယနေ့ထိ ကျယ်ကျယ်ပြန့်ပြန် ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
 


26 Jul 2018     1,589 Views




RELATED

Most Popular of Special or Others

Most Popular of NEWS