BEC-TERO TV

မြင်သူတိုင်းငေးယူရမယ့် တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားနဲ့ မိုးဟေကို

30 Jul 2018     1,541 Views


မြန်မာနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တယ့် သရုပ်ဆောင်မင်းသမီး မိုးဟေကိုကတော့ ပြစ်မျိုးမှဲ့မထင်လောက်အောင် ချောမောလွန်းတဲ့မျက်နှာနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတို့ပေါင်းစပ်ပြီး ဆွဲဆောင်မှုရှိလွန်းသူတစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့အချစ်ကိုလည်း အပြည့်အ၀ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ 

ဇူလိုင်လ (၂၉)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြန်ပေးရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ခဲ့တဲ့ အဖြူရောင်ဖက်ရှင်ဒီဇိုင်းလေးနဲ့  မိုးရဲ့အလှကတော့ မြင်ရသူတိုင်း လည်ပြန်ငေးရလောက်အောင် ရင့်ကျက်တည်ငြိမ်စွာနဲ့ လှပလွန်းနေပါတယ်။ သူမရဲ့လည်တိုင်အလှတို့ကို ပေါ်လွင်နေစေတယ့် အဖြူရောင်ဖက်ရှင်လေးနဲ့ ကျော့ရှင်းလှပနေတဲ့ မိုးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်....

မိုးဟေကိုဟာ သူမရဲ့မိခင်နာမကျန်းဖြစ်နေမှုကြောင့် လတ်တလောအနုပညာအလုပ်တွေကို ခေတ္တခဏရပ်နားထားခြင်းဖြစ်ကာ ပရိသတ်တွေကတော့ သူမရဲ့အနုပညာအလုပ်တွေကိုမတွေ့ရတာကြောင့် သူမကိုလွမ်းလို့နေပါတယ်။ မိုးဟေကိုကတော့ ၂၀၁၉ ခုနှစ်မှ ပြန်လည်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်....

 

 


30 Jul 2018     1,541 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment