အမြန်လမ်းမှာ ကားမောင်းရင်း တစ်မိနစ်ခန့် အိပ်ပျော်သွားတဲ့ တက္ကစီသမား ရုပ်သံ
01 Aug 2018 1,812 Views

အလွန်ပင်ပန်းနွမ်းနယ်နေဟန်တူတဲ့ တက္ကစီကားမောင်းသူ တစ်ဦးဟာ အမြန်လမ်း ဟိုင်းဝေးပေါ်မှာ ကားမောင်းရင်း အိပ်ပျော်သွားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ကားရဲ့အတွင်းပိုင်းကနေ ရိုက်ကူးထားတဲ့ စောင့်ကြည့်ကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့တာပါ။ တရုပ်နိုင်ငံ ရှန်ကျန်းမှာ ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လေဆိပ်ကို သွားတဲ့ အမြန်လမ်းမကြီးပေါ်မှာ ကားမောင်းသူက တစ်မိနစ်ခန့် အိပ်ပျော်သွားခဲ့ပါတယ်။ လမ်းဘေးက တစ်ခုခုကို ဝင်တိုက်မိပြီးမှ အလန့်တကြားနဲ့ နိုးလာတာကို မြင်တွေ့ခဲ့ရပါတယ်။
ကြောက်စရာကောင်းတဲ့ အဖြစ်ပျက်ပါ ဒါပေမယ့် လူနဲ့ အခြားကားတွေကို ဝင်မတိုက်မိတာ အရမ်းကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။








