သေမင်းခံတွင်းဝက သီသီလေးလွတ်မြောက်ခဲ့တဲ့ သားအဖ(ရုပ်သံ)
01 Aug 2018 1,951 Views
၁ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သူ့ရဲ့ဖခင်တို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာ အပေါ်ထပ်ကိုတက်ရန် စက်လှေကား အတူတူယှဉ်ရက်စီးနင်းခဲ့ကြပြီး စက်လှေကားရဲ့အဆုံးကို သားအဖနှစ်ယောက် ခြေတစ်လှမ်းချမိတာနဲ့ တစ်ပြိုင်နက် သူတို့စီးလာခဲ့တဲ့ စက်လှေကားဟာ လှေကားထစ်တွေ ပြုတ်ထွက်ပြီး အောက်ပြုတ်ကျကုန်တာကို သည်းထိတ်ရင်ဖိုဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။
အဆိုပါအဖြစ်ပျက် ရုပ်သံဗီဒီယိုဟာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဖြစ်ခဲ့တာဖြစ်ပြီး အခုတစ်လော အွန်လိုင်းမှာ ပြန်လည်ခေတ်စားလာတဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။ သူတို့သားအဖဟာ အစပိုင်းမှာ နောက်ပြန်ငေးကာ ခတ္တကြောင်ကြည့်နေပြီးမှ လန့်ပြီးထွက်ပြေးသွားတာကို တွေ့မြင်ခဲ့ရပါတယ်။








