BEC-TERO TV

ပဲခူးတိုင်းရေဘေးသင့်ပြည်သူများကို စားစရာများလှူဒါန်းခဲ့တဲ့ ပိုင်ဖြိုးသု

01 Aug 2018     1,552 Views


လက်ရှိမြန်မာနိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေကာ ရေဘေးသင့်နေကြတဲ့ ပြည်သူများကတော့ စားဝတ်နေရေးများ ဒုက္ခရောက်လျက်ရှိနေကြပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်နေကြသူများကို လုပ်အား၊ ဒါနအားများဖြင့် နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းနေကြသူများရှိကာ ထိုထဲတွင် အနုပညာရှင်များစွာလည်း ပါဝင်ကြပါတယ်။

ယခုလဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းခံထားရတဲ့ ဆရာဝန် သရုပ်ဆောင်မလေး ပိုင်ဖြိုးသုက ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စားစရာများ လှူဒါန်းခဲ့ပါတယ်။ သူမဟာ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန်ကြီးများနဲ့အတူပါဝင်ကာ တက်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်… ပဲခူးတိုင်း ရေဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းခဲ့တယ့် အလှူပုံရိပ်တွေကိုတော့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားကာ ယခုလိုမျိုး သူမပါဝင်လှူဒါန်းနိုင်ဖို့အတွက် ဖိတ်ခေါ်ပေးကြတဲ့သူများကိုလည်း ကျေးဇူးတင်စကားလေးဆိုထားပါသေးတယ်…

“မနေ့က မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)မှ ဆရာဝန်ကြီးများနှင့်အတူ ပဲခူးရေဘေးသင့်ပြည်သူများအတွက် ခုနစ်ရက်သားသမီး ပရိတ်သတ်များကိုယ်စား ငါးသေတ္တာနှင့်ဘီစကစ်မုန့်များလှူဒါန်းခဲ့ပါတယ်….
လိုက်ပါလှူဒါန်းဖို့ဖိတ်ခေါ်ပေးကြတဲ့ ပါမောက္ခဒေါက်တာဒေါ်မာမာကြည် ပါမောက္ခဒေါက်တာဒေါ်အေးအေးကြီးနှင့် ဒေါက်တာဦးဝင်းဇော်တို့အားလည်း အထူးပင်ကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုဟာ သူမရဲ့ချစ်သူဖြစ်သူ ဒါရိုက်တာ ဏကြီးနှင့် ဇွန်လ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ စေ့စပ်မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စေ့စပ်ပွဲပြုလုပ်ပြီးနောက် တစ်နေ့ထက်တစ်နေ့ပိုပိုပြီး လှလာတဲ့ သူမက ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်တစ်ယောက်လည်း ဖြစ်ပါတယ်…

 

 


01 Aug 2018     1,552 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment