BEC-TERO TV

လင်မယားရန်ဖြစ်ရာမှ မယားဖြစ်သူက ယောကျ်ားအား @#! ညှစ်သတ်

01 Aug 2018     2,216 Views


လင်မယားနှစ်ယောက် ရန်ဖြစ်ကြရာမှ မိန်းမဖြစ်သူက ယောကျ်ား၏ ဝှေးစေ့အား ၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးမှုတစ်ခု ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ တီယန်ရန်းစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ် လုံခြုံရေးမှူး Le Kim Khai ဆိုသူ အမျိုးသားဟာ ဇနီးသည် Phan Thi Kim Choung ရဲ့ လက်တစ်ဖျစ်မှာပဲ အသက်ပေးလိုက်ရပါတယ်။
 
ဖြစ်စဉ်မှာ ယောကျ်ားဖြစ်သူက အိမ်ပြန်လာစဉ် အိမ်ထဲမှာရှိနေသော ဇနီးနဲ့ သမီးငယ် နှစ်ယောက်က တံခါးမဖွင့်ပေးသဖြင့် ဒေါသထွက်ကာ အိမ်တံခါးကို လွှနဲ့တိုက်ဖျက်ကာ ဝင်လာခဲ့သည်။ အိမ်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဇနီးသည်ကို ဘယ်ပြန်ညာပြန် ဆက်တိုက်ပါးရိုက်ခဲ့သည်။ သမီးနှစ်ယောက်က ဝင်ဆွဲတဲ့အခါ သမီးတွေကို နံရံကို ပြန်ပစ်တွန်းခဲ့သည်။
 
မိမိကိုရိုက်တာ သည်းခံနိုင်ပေမယ့် သမီးတွေကို ထိတဲ့အခါ ဇနီးဖြစ်သူက ခေါင်းငုံ့ခံမနေတော့ပဲ ယောကျ်ား၏အညှာကို မိမိရရ ဖမ်းကိုင်ပြီး အားကုန် ညှစ်ထားလိုက်သည်။ ယောကျ်ားဖြစ်သူမှာ နားလွန်းလို့ ငယ်သံပါအောင် အော်ပေမယ့် လုံးဝမလွှတ်ပေးပဲ နောက်ထပ်လက်တစ်ဖက်ဖြင့် ယောကျ်ားကို တွန်းလှဲကာ ဗိုက်ပေါ်ခွထိုင်ပြီး ဆက်တိုက်ညှစ်ထားခဲ့သည်။
 
မချိမဆံ့ငယ်သံပါအောင် အော်သံကြောင့် အိမ်နီးချင်းတွေရောက်လာခဲ့ရာ အဖြစ်အပျက်ကို မြင်ပြီး အံ့အားသင့်ကုန်ကြသည်။ ယောကျ်ားက တစ်ကိုယ်လုံး ပြာနှမ်းပြီး သတိလစ်မေ့မြောသွားပြီး ဘေးကလူများ ဝိုင်းဝန်းဖြောင်းဖျမှ ညှစ်ထားသည်ကို လွှတ်ပေးလိုက်သည်။
 
အမျိုးသားကို အားလုံးဝိုင်းပြီး ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ အခုလိုအဖြစ်ပျက်ဟာ လေပြွန်ထဲအစာပိတ်ဆို့တာနဲ့ အလားသဏ္ဍန်တူပြီး ဇနီးဖြစ်သူရဲ့ တင်းကျပ်စွာနဲ့ အချိန်ကြာမြင့်စွာ ဖိညှစ်ထားတာကြောင့် ကပ္ပယ်အိတ်အတွင်းမှ ဝှေးစိလည်း ကြေကာသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆရာဝန်တွေရဲ့ ပြောကြားခဲ့ပါတယ်။
အမျိုးသမီးကို ဘယ်လိုအရေးယူသွားမယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိသေးပါ။
 

01 Aug 2018     2,216 Views




RELATED

Most Popular of Special or Others

Most Popular of NEWS