အလှအပ အနေနဲ့ လက်ရှိကို ကျေနပ်တယ်ဆိုတဲ့ May Grace
01 Aug 2018 1,506 Views

ယခုခေတ်ကြီးမှာ အလှအပနဲ့ ပတ်သတ်ပြီး ခွဲစိတ်ပြုပြင်ခြင်း တွေ အပြိုင်အဆိုင် လုပ်လာကြသလို May Grace ကတော့ အလှအပ ခွဲစိတ်ပြုပြင်မှုနှင့် ပတ်သက်၍ လက်ရှိအနေအထား ကို ကျေနပ်သဘောကျသဖြင့် ခွဲ စိတ်ပြုပြင်ရန် အစီအစဉ်မရှိပါဘူးဆိုပြီး ပြောထားပါတယ် ။
‘‘ပလတ်စတစ်ဆာဂျရီက သူများတွေ ပြင်ထားတာတွေ့ တယ်။ လှသွားတာလည်း တွေ့ တယ်။ ကိုယ်တိုင်လုပ်ဖို့ကတော့ အစီအစဉ်မရှိဘူး။ အခုလက်ရှိ မျက်နှာလေးကိုလည်း ကျေနပ်တယ်။ ကြိုက်တယ်။ ရင်သားဆီလီကွန်ထည့်တာ အရမ်းမိုက်တဲ့သူ တွေ ရှိတယ်။ မေဂရေ့စ်ကတော့ မထည့်ချင်တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် လက်ရှိအနေ အထားကို ကျေနပ်နေလို့ပါ’’






