BEC-TERO TV

နှင်းအိနြေ္ဒရှင် ဗြူတီဘလော့ခ်ကာ လုပ်ဖို့တာစူနေပြီလား..?

02 Aug 2018     1,675 Views


The Voice Myanmar Season 1 ရဲ့ Top 4 ပြိုင်ပွဲဝင်ဖြစ်ခဲ့ဖူးတဲ့ နှင်းအိနြေ္ဒရှင်တစ်ယောက် သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တဲ့ ပိုစ့်တစ်ခုကြောင့် ဗြူတီဘလော့ခ်ကာ လုပ်ဖို့ ပြင်ဆင်နေပြီလားလို့ မေးစရာရှိလာပါတယ်။


နိုင်ငံခြားသီချင်းတွေကို ကာဗာပြန်လည် သီဆိုထားပြီး အွန်လိုင်းပေါ်မှာ ပရိသတ်အခိုင်မာ ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ထူးခြားတဲ့ အော်ပရာ သီဆိုမှုကြောင့် The Voice Myanmar ပြိုင်ပွဲတုန်းကလည်း နည်းပြတွေအားလုံး သဘောကျနှစ်ခြိုက်ခဲ့ပြီး Top 4 အထိ ပရိသတ်အားပေးမှုနဲ့အတူ ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။

Singapore Institute of Management (SIM) ကနေ ဒီပလိုမာရရှိထားတဲ့ နှင်းအိနြေ္ဒရှင်တစ်ယောက် သူမဝါသနာပါတဲ့ သီချင်းသီဆိုမှုသာမကပဲ ဗြူတီဘလော့ခ်ကာ အနုပညာရှင် အဖြစ်နဲ့ပါ ထပ်မံမြင့်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မကြာသေးခင်ကမှ သူမကာဗာပြန်လည် သီဆိုထားတဲ့ “အရင်အတိုင်းရန်ကုန်” ဆိုတဲ့ သီချင်းလေးကို နားဆင်ကြည့်ပါဦး။


 

Photos & Video - နှင်းအိနြေ္ဒရှင် FB


02 Aug 2018     1,675 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment