BEC-TERO TV

အိမ်မွေးကြက်တူရွေးကို တံမြက်စည်းနဲ့ ရိုက်သတ်သူ ထောင်ဒဏ်ကျခံရ

02 Aug 2018     1,291 Views


စင်ကာပူနိုင်ငံ ဆန်ခန်းရပ်ကွက်ရှိ နေအိမ်မှာ မွေးမြူထားတဲ့ ကြက်တူရွေးတစ်ကောင်(Lucky) ကို လှောင်အိမ်ထဲက ထုတ်ကာ တံမြက်စည်းဖြင့် အသေရိုက်သတ်ခဲ့သူ အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

အသက် ၃၈ နှစ်အရွယ် ထရန်သီသွီဟန် လို့ အမည်ရတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦးဟာ လက်သည်းခြေသည့်အလှပြင်တဲ့ လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အသက် ၆၀ နှစ်အရွယ် စင်ကာပူနိုင်ငံသား မစ္စတာယုချင်းမိန် နဲ့ အိမ်ထောင်ပြုထားတာကြောင့် စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူဖြစ်ပါတယ်။

သူမဟာ အမျိုးသားဘက်မှပါသော သမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် ယုမေလင်း ဆိုသူတို့နဲ့ ဆန်ခန်းရပ်ကွက်ရှိ နေအိမ်မှာ သုံးဦး အတူတစ်ကွနေထိုင်ကြပါတယ်။ Lucky ဟာ ယုမေလင်း ရဲ့ အချစ်တော် ကြက်တူရွေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က သူမအိမ်ကို ပြန်လာစဉ် Lucky ဟာ ယုမေလင်း ရဲ့ ပုခုံးပေါ်မှာ နားနေရာကနေ သူမဆီကို ပျံသန်းလာပြီး ညာဘက်ပါးကို စိတ်တဲ့အတွက် ဒေါသအလွန်ထွက်ခဲ့ပါတယ်။
ချက်ခြင်းဆိုသလို သူမရဲ့ ခင်ပွန်း(ယုမေလင်း ရဲ့ဖခင်) ကို ကြက်တူရွေးကို အိမ်မှာမထားဖို့၊ ဆက်ထားရန် သတ်မိလိမ့်မယ့်လို့ ကြိမ်းမောင်းပြောဆိုခဲ့ပါတယ်။

နောက်တစ်နေ့ နံနက် ၈ နာရီလောက်မှာ ယုမေလင်း တို့သားအဖ အိမ်မှာမရှိခိုက် ထရန်သီသွီဟန် က ကြက်တူရွေးကို လှောင်အိမ်ထဲက ထုတ်ကာ တံမြက်စည်းရိုးနဲ့ သေအာင်ရိုက်သတ်ခဲ့ပါတယ်။

သားအဖနှစ်ယောက် ပြန်လာချိန်မှာတော့ ထရန်သီသွီဟန် ကြက်တူရွေး အသေကောင်ကိုပြကာ “တွေ့တယ်နော်” ဟု ဆိုပြီး အမှိုက်ကန်ထဲကို ပစ်ချပြလိုက်ပါတယ်။

အဆိုပါ ကြက်တူရွေးကို သတ်တဲ့ လုပ်ရပ်ဟာ ရက်စက်လွန်းတဲ့ လုပ်ရပ်ဟု တရားရုံးက သတ်မှတ်ခဲ့သည့်အတွက် အမျိုးသမီးမှာ ထောင်ဒဏ် ၁၈ လနှင့်အထက် နှင့် ငွေဒဏ် စင်ကာပူဒေါ်လာ ၁၅,၀၀၀ (ကျပ်သိန်း ၁၆၀ ကျော်) ကျခံရဖွယ်ရှိကြောင်း သိရှိရသည်။


02 Aug 2018     1,291 Views




RELATED

Most Popular of Special or Others

Most Popular of NEWS