လေကြောင်းသရုပ်ပြပွဲအတွက် လေ့ကျင့်စဉ် လေယာဉ်နှစ်စင်း တိုက်မိပျက်ကျ (ရုပ်သံ)
07 Aug 2018 1,684 Views
ရိုမေးနီးယားနိုင်ငံတွင် ကျင်းပမည့် လေကြောင်းသရုပ်ပြပွဲတွင် ပြသနိုင်ရန် စတန့်ပြကွက်တစ်ခုအား ပူးတွဲလေ့ကျင့်ပျံသန်းနေစဉ် လေယာဉ်နှစ်စီး အချင်းချင်း တိုက်မိကာ နှစ်စင်းစလုံး ပျက်ကျခဲ့မှုတစ်ဖြစ်ပွားခဲ့သည်။
လေယာဉ်မောင်သူနှစ်ဦးစလုံးမှာ အတွေ့အကြုံအများကြီရှိထားသော ကျွမ်းကျင်လေယာဉ်မောင်းများ ဖြစ်ကြပေမယ့် ဝေဟင်ပေါ်မှာ ပူးတွဲလေ့ကျင့်စဉ် လေယာဉ်တစ်စီးက ဟန်ချက်ပျက်ကာ အခြားလေယာဉ်တစ်စီးကို တိုက်မိကာ နှစ်စီးစလုံး မြေင်ပြင်ပေါ်သို့ တစ်ရှိန်ထိုး ပျက်ကျခဲ့ခြင်းဖြစ်သည်။


အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် အသက် ၆၀ နှစ်အရွယ် လေယာဉ်မှူး Cornel Marinescu သေဆုံးခဲ့ပြီး အသင် ၅၃ နှစ်အရွယ် အခြားလေယာဉ်မှူးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မတော်တဆမှုဖြစ်စဉ်ကြောင့် Suceava အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်မည့် လေကြောင်းပြပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။






