BEC-TERO TV

အလုပ်သမားများကို စိတ်တိုင်းကျ လုပ်ခွင့်ပြုသော ဂျပန်ကုမ္ပဏီ အောင်မြင်

07 Aug 2018     1,664 Views


ဂျပန်နိုင်ငံရှိ ပင်လယ်စာ စက်ရုံတစ်ရုံတွင် အလုပ်သမားများက မိမိ၏ အလုပ်ဝင်ချိန် ပြန်ချိန်ကို စက်ရုံ၌ ချိပ်ဆွဲထားသော အဖြူရောင်ဘုတ်ပြားပေါ်တွင် မှန်မှန်ကန်ကန် ရေးသားပေးခဲ့ရုံကလွဲပြီး အလုပ်လုပ်ခြင်း၊ မလုပ်ခြင်း၊ ခွင့်ယူခြင်း၊ မယူခြင်းတို့ကို ထိန်းချုပ်ခြင်း မရှိပဲ ဆောင်ရွက်ရာ လုပ်ငန်းခွင်တွင် ပိုမိုအောင်မြင်မှုရကြောင်း သိရှိရသည်။

ဂူနီးယား ပင်လယ်စာစက်ရုံက အလုပ်သမားများ အလုပ်ခွင်တွင် စိတ်တိုင်းကျ ဝင်ထွက်သွားလာခွင့်ပြုပါတယ်။ စက်ရုံရဲ့ အဓိကလုပ်ငန်းက ပုစွန်ရွေးခြင်း၊ အခွံသင်ခြင်း၊ သန့်စင်ထုတ်ပိုးခြင်းတို့သာ ဖြစ်ပြီး အဆိုပါ အလုပ်များကိုလည်း အလုပ်သမားများ ဆန္ဒရှိမှ လုပ်နိုင်ပါတယ်။
ဒါ့အပြင် ဖုန်းဆက်ပြီး ခွင့်တိုင်းကြားခြင်းမရှိပဲ အလုပ်ပျက်လျှင်လည်း ပြဿနာမရှိပါ။ အလုပ်သမားများအနေနဲ့ မှန်မှန်လုပ်ရမည့် အချက်က တစ်ခုတည်းရှိပါတယ်။ လုပ်ခလစာ တွက်နိုင်ရန် မိမိရဲ့ အလုပ်ဝင်ချိန်ထွက်ချိန်ကို ရေးသားခဲ့ရမှာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ အလုပ်ချိန်ကို အလုပ်သမားများ စိတ်တိုင်းကျစီမံပိုင်ခွင့်ရှိသည့်အတွက် စီးပွားရေး စောက်ထိုးကျနိုင်သည် သို့မဟုတ် ပုံမှန်ထက် အလုပ်သမား အင်အားလျှော့နည်းနိုင်သည်ဟု ထင်မှတ်ထားကြပေမယ့် အဆိုပါ ကုမ္ပဏီမှာတော့ အလုပ်သမားခ သုံပုံတစ်ပုံလောက် ကျဆင်းသွားပြီး ကုန်ထုတ်စွမ်းအားကတော့ တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒီနည်းနဲ့ ကုမ္ပဏီလည်ပတ်နေခဲ့တဲ့ ၅ နှစ်လုံးလုံးမှာ ဝန်ထမ်းများအားလုံး နားရက်ယူတာ တစ်ရက်ပဲရှိခဲ့ကြောင်း သိရှိရသည်။
 


07 Aug 2018     1,664 Views




RELATED

Most Popular of International News

Most Popular of NEWS