BEC-TERO TV

လှိုဏ်ဂူအတွင်းပိတ်မိခဲ့သော တောဝက်လေးများ ကျောင်းပြန်တက်ပြီ

07 Aug 2018     1,550 Views


ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်းဂူအတွင်း နှစ်ပတ်ကျော်ကြာပိတ်မိနေခဲ့သော တောဝက်လေးများ ဘောလုံးအသင်းမှ ကလေး ၁၂ ဦး ကျောင်းပြန်တက်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။

လှိုဏ်ဂူထဲမှ ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် ဆေးကုသမှုများ ခံယူခဲ့ပြီး သာ့သနာဘောင်ကို ခတ္တဝင်ရောက်ခဲ့တဲ့ သူတို့ ၁၂ ဦးကို ပြန်လည်ကြိုဆိုတဲ့ အခမ်းအနား မယ်ဆိုင်ရှိ မူပါစာသင်ကျောင်းမှာ ပြလုပ်ခဲ့ပါတယ်။

ကလေးတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့တွေအမြန်ဆုံး စာသင်ခန်းထဲ ပြန်ရောက်အောင် ကြိုးစားသွားပါမယ်။ လွတ်သွားတဲ့ စာတွေအတွက်လည်း အတန်းဖော်တွေက ကူညီကြမှာပါ” ဟု ချိုင်းရိုင်ရဲ့ ဒုတိယမြို့အုပ် ဆွန်ဘွန်း က ပြောဆိုပါတယ်။

ကျွန်တော့်သူငယ်ချင်းတွေ ပြန်ရောက်လာတာ အရမ်းပျော်တယ်၊ သူတို့ ဂူထဲပိတ်မိနေတဲ့အချိန်တုန်းက သူတို့အတွက် အရမ်းစိတ်ပူနေခဲ့တာ၊ သူတို့လွတ်သွားတဲ့ သင်ခန်းစာတွေကို ကျွန်တော်လည်း ကူပြီးပြပေးသွားမယ်” ဟု ကျောင်းသားတစ်ဦးက ဆိုပါတယ်။

အဆိုပါအခမ်းအနားမှာ ကလေး ၁၂ ဦးအတွက် ဘောလုံးနဲ့ပက်သက်သော အထောက်အပံ့ပစ္စည်းများနဲ့ Bayern Munich အသင်းရဲ့ ဘောလုံးဝတ်စုံတွေကိုပါ ပေးအပ်ခဲ့ပါတယ်။
 


07 Aug 2018     1,550 Views




RELATED

Most Popular of International News

Most Popular of NEWS