ကျောက်တံခါးမြို့ နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး လမ်းဖြစ်ကူးစဉ် ကားအတိုက်ခံရ
09 Aug 2018 1,424 Views

သြဂုတ်လ ၇ ရက်နေ့ အနက်ပိုင်းတွင် ရဲတပ်ကြပ်ကြီးတစ်ဦး လမ်းဖြစ်ကူးစဉ် ကားအတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း(ခ)အောင်မြင် နယ်မြေရဲခန်းက ရဲတပ်ကြပ်ကြီးတစ်ဦးဟာ မနက်စာစားဖို့ ကားဂိတ်သို့အသွားတွင် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင် အမှတ်၁၂၆/၆ နဲ့ ၇ အကြားမှာ လမ်းဖြတ်ကူးစဉ် မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ကားက ဝင်တိုက်ခဲ့သည်ဟု သိရသည် ။
ထိုရာတွင် တာဝန်ရှိသူများက ရဲတပ်ကြပ်ကြီး၏အလောင်းကို ဆေးရုံသို့ပို့ဆောင်ထားပြီး ယာဉ်နှင့်အတူမောင်းထွက်ပြေးသွားတဲ့ ယာဉ်မောင်း ယာဉ်အမှတ် ယာဉ်အမျိုးအစားကို စုံစမ်းစစ်ဆေးနေသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းမှ ယာဉ် (ပ)၉/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ( ၃၀၄-က/၂၀၂ ) ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသော ယာဉ်မောင်းကို ဖမ်းဆီးရမိနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည် ။